ပူပြင်းတဲ့ရာသီဥတုမှာ အပြင်ခဏလောက်ထွက်လိုက်တာနဲ့ အသားအရေနေလောင်တဲ့ ပြဿနာကစတော့ပါပဲ။ ဒါပေမယ့် စိတ်မပူပါနဲ့ ကွီးတို့ရဲ့ နေလောင်ထားတဲ့အသားအရေကို အထိရောက်ဆုံးပြန်လည်ကုစားပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကိုပြောပြပေးမှာပါ။
(၁) ရှားစောင်းလက်ပတ်
Source : Hairstory
နေလောင်ထားတဲ့အသားအရေအတွက် အထိရောက်ဆုံးကုသပေးနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးကတော့ ရှားစောင်းလက်ပတ်ပါ။ ရှားစောင်းလက်ပတ်က နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်းတွေကိုလျော့ကျစေပြီး အသားအရေကိုအေးမြလန်းဆန်းစေပါတယ်။ရှားစောင်းလက်ပတ်ကိုလှီးပြီး နေလောင်ထားတဲ့နေရာလေးတွေကို ပွတ်ပေးမယ်ဆိုရင် အမြန်ဆုံးသက်သာစေမှာပါ။
(၂) သခွားသီး
Source : SNAP-Ed Connection
ရေဓာတ်ပါဝင်မှုမြင့်မားတဲ့ သခွားသီးကလည်း နေလောင်ထားတဲ့အသားအရေအတွက် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ သခွားသီးကိုခပ်ပါးပါးလှီးပြီး နေလောင်ထားတဲ့အရေပြားပေါ်ကပ်ပေးမယ်ဆိုရင် အသားအရေကိုအေးဓာတ်ပြည့်ဝစေပြီး လန်းဆန်းအေးမြစေမှာဖြစ်ပါတယ်။
(၃) ရေခဲကပ်ပါ
Source : Missouri Business Alert
နေလောင်ထားတဲ့အရေပြားတစ်ဝိုက်ကို ရေခပ်တုံးကပ်ပေးခြင်းဖြင့်လည်း ကုစားနိုင်ပါတယ်။ရေခဲကပ်မယ်ဆိုရင် သန့်ရှင်းတဲ့အဝတ်စတစ်ခုခုထဲ ရေခဲတုံးထည့်ပြီး နေလောင်ထားတဲ့နေရာတွေကို ခပ်ဖွဖွလေးလိုက်ကပ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ရောင်ရမ်းခြင်းတွေလျော့ကျသက်သာစေမှာပါ။
(၄) မုန်ဖုတ်ဆော်ဒါ
Source : Steemit
ရေချိုးခါနီး မုန့်ဖုတ်ဆော်ဒါ ၂ဇွန်းခန့်ကိုရေအနည်းငယ်နဲ့ရောမွေကာ အရေပြားပေါ်မှာလိမ်းပြီး ခဏအကြာမှာရေချိုးလိုက်ပါ။ မုန့်ဖုတ်ဆော်ဒါက နေလောင်ခြင်းကြောင့် အရေပြားပေါ်မှာဖြစ်တက်တဲ့ နီမြန်းခြင်း ရောင်ရမ်းနာကျင်ခြင်းတွေကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။