အသားအရေထိန်းသိမ်းတယ်ဆိုတာ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း လုပ်ဆောင်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်် အမျိုးသားတွေအတွက်တော့ ကိုယ်ရဲ့အသားအရေနဲ့ ကိုက်ညီတဲ့ ဘယ်လို Skin Care ပစ္စည်းတွေ ရွေးချယ်သုံးရမလဲဆိုတာ ခေါင်းစားစရာဖြစ်နေပါတယ်း။ ဒီနေ့မှာတော့ ငွေကြေးကုန်ကျမှုလည်းသက်သာပြီး ခေါင်းစားဖို့လည်းမလိုတဲ့ သဘာဝအသားအရေ ထိန်းသိမ်းရေးပစ္စည်းတွေအကြောင်းပြောပြပေးချင်ပါတယ်။

ထောပတ်သီး

cut avocado on wooden background

ထောပတ်သီးမှာ အသားအရေအတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် အေ ဒီ အီး ဓာတ်တွေအပြင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ ကောင်းမွန်တဲ့အဆီဓာတ်များလည်းပါဝင်ပါတယ်။ဒါကြောင့် ထောပတ်သီးတွေဟာ နေလောင်ခြင်းခံထားရတဲ့အသားအရေကို ပြန်လည်ကုစားပေးနိုင်တဲ့အပြင် ကော်လဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးတာကြောင့် အရွှယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်တားဆီးပေးပါတယ်။

ရှားစောင်းလက်ပတ်

aloe vera leaves slices with juice
ရှားစောင်းလက်ပတ်ဆိုတာ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ လူသုံးများပြီး ထိရောက်အရှိဆုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ အခုပူပြင်းတဲ့ရာသီဥတုမှာ အသားအရေကို သဘာဝအတိုင်း ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး ဝက်ခြံကြောင့်ဖြစ်တက်တဲ့ ရောင်ရမ်းခြင်းတွေ နေလောင်ဒဏ်ကြောင့် အသားအရေညိုမဲပျက်စီးတာတွေကို သက်သာစေပါတယ်။

ပျားရည်

Jars with honey and honey dipper on wooden table in sunlight
ပျားရည်မှာ အသားအရေအတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ အင်ဇိုင်းတွေ ဓာတ်တိုးဆန့်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ ဒါကြောင့်ပျားရည်ဟာ အသားအရေကို သဘာဝအတိုင်းအားဖြည့်ပေးပြီး ဝက်ခြံတင်းတိတ် အမဲစက်နှင့် ချွေးပေါက်ပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

အာလူး

rganic raw potato on brown rustic sackcloth

အာလူးဟာလည်း အသားအရေထိန်းသိမ်းရေးအတွက် အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အာလူးကို ခပ်ပါးပါးလေးတွေလှီးပြီး မျက်နှာအနှံ့ ၁၅ မိနစ်လောက် ငြင်သာစွာပွတ်ပေးမယ်ဆိုရင် အရေပြားပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားသန့်စင်ပေးပြီး အသားအရေမညီမညာဖြစ်ခြင်း အရေးအကြောင်းများဖြစ်ပေါ်ခြင်း ဝက်ခြံနှင့်အမဲစက်တွေကို အထိရောက်ဆုံးကုသပေးမှာဖြစ်ပါတယ်။

Photo : crello