မှန်အားဖြင့် ဆောင်းရာသီရောက်လာပြီဆိုရင် ရာသီဥတုပြောင်းလဲမှုကြောင့် အရေပြားကွဲအက်တာ၊ ခြောက်သွေ့တာတွေ လူတိုင်းကြုံကြရမှာပါ။ ဒါပေမယ့် အေးပြီးခြောက်သွေ့တဲ့ရာသီဥတုက ထိခိုက်လွယ်တဲ့အသား အရေပိုင်ရှင်တွေအတွက် အခက်တွေ့နိုင်ပါတယ်။ အခုပြောပြပေးမှာက ဒီလိုဆောင်းရာသီမှာတောင် ထိခိုက် လွယ်တဲ့အသားအရေပိုင်ရှင်တွေ တောက်ပတဲ့အသားအရေရရှိနိုင်ဖို့ ရိုးရှင်းတဲ့အသားအရေထိန်းသိမ်း နည်း (၅) မျိုးကိုပြောပြပေးမှာပါ။

(၁) ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ

Source : Greener Beauty

အေးတဲ့ရာသီဥတုမှာ ရေပူနဲ့ရေချိုးခြင်းက သင့်ခန္ဓာကိုယ်ကြွက်သားတွေကို ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်စေပေမယ့် သင့်အသားအရေအတွက်တော့ကောင်းမှာမဟုတ်ပါဘူး။ ရေပူက သင့်အသားအရေကို ခြောက်သွေ့စေပြီး အရေပြားကွာတာတွေဖြစ်နိုင်တဲ့အတွက် မျက်နှာအသားအရေကနူးညံ့တဲ့အတွက် ပိုဆိုးစေပါတယ်။ ဒါပေမယ့် သင့်ရဲ့မျက်နှာအသားရေကို ကြက်သီးနွေးရေနဲ့မျက်နှာသစ်ပေးတာက အရေပြားကိုတောက်ပစေလို့ ကြက်သီးနွေးရေနဲ့မျက်နှာသစ်ဖို့ အကြံပေးချင်ပါတယ်။

(၂) ပုံမှန် အစိုဓါတ်ဖြည့်ပါ

Source : iStock

Moisturizer ပုံမှန်လိမ်းပေးတာက ဆောင်းတွင်းမှာ တောက်ပတဲ့အသားအရေရဖို့ အရေးကြီးတဲ့အချက်တစ် ချက်ပါ။ အစိုဓါတ်ဖြည့်ထိန်းပေးခြင်းက သင့်အရေပြားကိုရေဓါတ်ဖြည့်တင်းပေး နိုင်ရန်ကူညီပြီး အရေပြားကထုတ်တဲ့သဘာဝအဆီကို မဆုံးရှုံးအောင်လည်း ကူညီပေးပါတယ်။ သဘာအတိုင်းအစိုဓါတ်ဖြည့်ချင် ရင်တော့ အုန်းဆီ၊ ကြက်ဆူဆီ၊ သံလွင်ဆီ၊ ထောပတ်သီး၊ သခွားသီးစသဖြင့် ရွေးချယ်လို့ရပါတယ်။

(၃) ရေများများသောက်ပါ

Source : Chiropractic Economics

သင့်အနေနဲ့ ခန္ဓာကိုယ်က ဆောင်းရာသီမှာ ရေဓါတ်ကုန်ခမ်းမှုနည်းပါးတယ်လို့ထင်ရတဲ့အတွက် ရေလျှော့သောက်တာမျိုးလုပ်ဖူးမှာပါ။ တကယ်တော့ ရာသီဥတုအေးနေတဲ့အတွက် ကိုယ်ခန္ဓာကနည်းအမျိုးမျိုးနဲ့ ရေဓါတ်နည်းပါးသွားတာကို သတိမထားမိတာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ရေဓါတ်စနစ်ကိုပြန်လည်ဖြည့်တင်းပေးတာက စိုးရိမ်စရာမလိုပဲတောက်ပတဲ့ အသားအရေကို ရယူနိုင်ပါတယ်။

(၄) ညဘက်မှာ သင့်အသားအရေကိုအားဖြည့်ပါ

Source : A Healthier Michigan

တကယ်လို့သင်က ကျန်းမာတဲ့အသားအရေကိုရချင်တယ်ဆိုရင်အရေးကြီးတဲ့ ညအိပ်ချိန်ကိုလည်း မမေ့သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညဘက်မှာ အရေပြားကအကာအကွယ်ပေးတဲ့စနစ်ကနေ ပြန်လည်ပြုပြင်တဲ့စနစ်ကို အလိုလျောက်လုပ်ဆောင်တဲ့အတွက်ပါ။ သင့်ရဲ့အိပ်ချိန်က တစ်ညကို ၇ နာရီကနေ ၈နာရီခန့်ရှိဖို့လိုအပ်ပါတယ်။ ဒါဟာ အသားအရေအတွက်တစ်နေ့တာပင်ပန်းခဲ့သမျှ ပြန်လည်အနားယူတာပဲဖြစ်ပါတယ်။

(၅) မှန်ကန်တဲ့မျက်နှာဆေးကြောသန့်စင်နည်းကိုသုံးပါ

Source : Pinterest

ပုံမှန်အားဖြင့် မျက်နှာသစ်ဆေးတွေဟာ သင့်အသားအရေကို ခြောက်သွေ့စေတတ်တဲ့အတွက် သေချာရွေးချယ်ဖို့လိုပါတယ်။ မျက်နှာသစ်ပြီးနောက် အရေပြားကိုစက္ကန့် ၃၀ကျော်တဲ့အထိ ဘာမှမလိမ်းဘဲ ဒီတိုင်းထားတာမျိုးမလုပ်သင့်ပါဘူး။ သင့်အနေနဲ့မျက်နှာသစ်ပြီးတာနဲ့ တစ်ပြိုင်နက် Toner နဲ့ Moustrizer ကို လိမ်းပေးတာပိုကောင်းပါတယ်။ ဒီအချက်ကလဲ ဆောင်းရာသီကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး တောက်ပကြည်လင်တဲ့အသားအရေရဖို့ ကူညီပေးပါလိမ့်မယ်။