မကြာခဏမေ့မေ့လျော့လျော့ဖြစ်နေတဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) ရေးမှတ်ထားပါ

Source : SPY

တစ်ချို့အရာတွေက လတ်တလောမှာတော့ မှတ်မိနေနိုင်ပေမယ့် အချိန်တစ်နာရီ နှစ်နာရီခန့်ကြာသွားတဲ့အချိန်မှာတော့ အစဖော်လို့မရတော့အောင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အရေးကြီးလုပ်ရမယ့်အရာတွေ ချိန်းဆိုမှုကို စာအုပ်မှာရေးမှတ်ထားပါ။ စာအုပ်နဲ့ ရေးမှတ်တတ်တဲ့အကျင့်က ဘယ်အချိန်ပြန်ကြည့်ကြည့် မှတ်မိနေဖို့ ကူညီပေးပါလိမ့်မယ်။

(၂) အာရုံစူးစိုက်မှုအပြည့်ရှိပါ

Source : career.cci.com.tr

တစ်ခါတစ်လေ ကိုယ်လက်ရှိဖတ်နေတာက စာအုပ် စိတ်ထဲတွေးနေတာက နေ့လည်တုန်းကကြည့်ခဲ့တဲ့ ရုပ်ရှင်အကြောင်း ဒီလိုအဖြစ်အပျက်မျိုး မကြာခဏကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်လုပ်နေတဲ့အရာတစ်ခုအပေါ်မှာပဲ အာရုံစူးစိုက်မှုအပြည့်ထားသင့်ပါတယ်။ တခြားသောအတွေးတွေဝင်လာရင် ချက်ချင်းဖယ်ထုတ်ပြီး လက်ရှိလုပ်နေတဲ့အရာပေါ် အာရုံစိုက်ထားခြင်းဟာ မေ့တတ်တဲ့အကျင့် လျော့နည်းသွားစေမှာဖြစ်ပါတယ်။

(၃) ပျော်ရွှင်စေမယ့်အရာတွေလုပ်ပါ

Source : Dissolve

စိတ်ပိုင်းဆိုင်ရာတက်ကြွမှုရှိခြင်းက သင့်ရဲ့ စိတ်ကိုနိုးကြားတက်ကြွစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ညစ်စရာ စိတ်ဖိစီးစရာကိစ္စတွေ ခေါင်းထဲသိပ်အဝင်မခံဘဲ ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်အမြဲထားကြိုးစားပါ။ စိတ်ပျော်ရွှင်မှုခံစားရစေမယ့်အရာတွေ များများလုပ်ဆောင်ကြည့်ပါ။

(၄) အိပ်ချိန်ပြည့်ဝပါစေ

Source : A Healthier Michigan

အိပ်ချိန်လုံလုံလောက်လောက်မရတဲ့အခါ စိတ်ကြည်လင်လန်းဆန်းမှု မရှိဘဲ ခေါင်းနောက်နေတတ်ပါတယ်။ ထိုအခါ သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်တွေဟာလည်း ကျဆင်းလာပြီး မေ့လျော့ခြင်းကို တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်စက်ပေးဖို့ အကြုံပြုချင်ပါတယ်။