ဘရာဇီးရဲ့နာမည်ကျော်တိုက်စစ်မှူး နေမာသည် ဇွန်လ ၇ ရက်နေ့တွင် ရီယိုဒီဂျနေရိုးမြို့မှာရှိ့တဲ့ ရဲ့စခန်းမှာ မုဒိန်းမှုစွပ်စွဲချက်ဟာ မှန်ကန်မှုမရှိကြောင်း ထွက်ဆိုချက်ပေးခဲ့တယ်လို့ သိရပါတယ်။

Source: news4europe

အဆိုပါကစားသမားကို နာဂျီလာ ထရန်ဒါဒီက ဆိုတဲ့အမျိုးသမီးက မေလ ၁၅ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ဟိုတယ်တခုမှာ မုဒိန်းမှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။ တရားမျှတမှုကို လိုချင်လို့ အခုလိုတရားစွဲရခြင်းဖြစ်ကြောင်း ဘရာဇီး တီဗီချန်နယ်တခုကို အဆိုပါအမျိုးသမီးက ပြောထားပါတယ်။

Source: Fox Sports Asia

အဆိုပါစွပ်စွဲချက်ထွက်လာပြီးနောက်ပိုင်း မာစတာကက် ကုမ္ပဏီက နေမာ ပုံရိပ်ကိုအသုံးပြုပြီး ကြော်ငြာနေခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်။ ခရစ်ဒစ်ကက် ကုမ္ပဏီကလည်း အမှုပြေလည်မှု မရရှိခင်အထိ နေမာ၏ ပုံရိပ်အသုံးပြုနေမူကို ရပ်ဆိုင်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နာမည်ကြီး ဖိနပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ နီကီကလည်း နေမာအပေါ် စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။

Source: Sports Look

နေမာရဲ့ ရှေ့နေကတော့ နေမာဟာ ရဲစခန်းမှာ ရှင်းလင်းတဲ့ ထွက်ဆိုချက်တွေ ပေးခဲ့ပြီဖြစ်ကြောင်း နေမာ အပြစ်ကင်းကြောင်းသက်သေပြဖို့ ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ နေမာကတော့ သူ့ကို ထောက်ခံပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း၊ မကြာခင် သူ့မှာ အပြစ်မရှိကြောင်း သက်သေပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဘရာဇီး သမ္မတကလည်း အခုချိန်ဟာ နေမာအတွက် အလွန်ခက်ခဲတဲ့ အခိုက်အတန့်ဖြစ်ကြောင်း သို့ပေမယ့် နေမာအပေါ်အပြည့်အဝ ယုံကြည်ကြောင်း ပြောဆိုအားပေးခဲ့ပါတယ်။

နေမာဟာ ထရန်ဒါဒီရဲ့ ဓာတ်ပုံတွေကို ကာယာကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ အများပြည်သူအရှေ့မှာ ချပြခဲ့တဲ့အတွက်ကြောင့်လည်း တရားရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

Source: Sky News