ကော့တေးချစ်သူများအတွက် ကော့တေးအမျိုးအစား အများအပြားရှိတဲ့အနက် ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း (၃) မျိုးတည်းနဲ့ ပြုလုပ်ထားတဲ့ ကော့တေးတစ်မျိုးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီကော့တေးရဲ့ နာမည်ကတော့ Negroni ကော့တေး ပဲဖြစ်ပါတယ်။

ဒီ Negroni ကော့တေး ရဲ့ သမိုင်းကြောင်းကလည်း တော်တော်လေးကို ကြာခဲ့ပါပြီ။ သူသည် ၁၉၂၀ ပြည့်နှစ်တွေတုန်းက စတင်ပေါ်ပေါက်လာခဲ့တဲ့ ကော့တေးအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဖြစ်ပုံကတော့ Camillo Negroni ဆိုသူက အီတလီနိုင်ငံ၊ ဖလောရန့်စ်မြို့ရှိ Caffè Casoni တွင် ဂျင် ပါဝင်တဲ့ Americano တစ်ခွက် မှာယူရင်းကနေ အစပြုခဲ့တာဖြစ်ပါတယ်။

ကော့တေးချစ်သူများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ အိမ်မှာ ဖျော်စပ်ကာ သောက်သုံးလို့လည်းရပါတယ်။ အဓိကလိုအပ်တဲ့ ပါဝင်ပစ္စည်း (၃) မျိုးရှိရုံပါပဲ။

ပါဝင်ပစ္စည်း (၃) မျိုးကတော့

Negroni ကော့တေး

  • ဂျင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Sweet Vermouth စားပွဲတင်ဇွန်း ၂ ဇွန်း
  • Campari စားပွဲတင်ဇွန်း ၂ ဇွန်း
  • အလှဆင်ဖို့ရန်အတွက် အခွေလိုက်ခွာထားသော လိမ္မော်ခွံအနည်းငယ် (မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

Negroni ကော့တေး

(၁) ဖန်ခွက်လှလှလေး တစ်လုံးထဲတွင် ရေခဲတုံးများ ထည့်ထားလိုက်ပါ။ ထို့နောက် ဂျင်၊ Vermouth နှင့် Campari တို့ထည့်လိုက်ပါ။

making cocktail

(၂) ဇွန်းတစ်ချောင်းဖြင့် သမသွားသည်အထိ မွှေပေးလိုက်ပါ။

(၃) အရသာပိုမိုထူးခြားကောင်းမွန်ချင်တယ်ဆိုရင်တော့ လိမ္မော်သီးလေးတစ်စိပ် ညှစ်ထည့်လိုက်ပါ။

ထို့နောက် လိမ္မော်ခွံ အခွေလိုက်ကို ဖန်ခွက်နှုတ်ခမ်းသားမှာထည့်ထားပြီး အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ စူးရှယစ်မူးသွားစေမယ့် Negroni ကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

making cocktail

Classic ဆန်တဲ့ ကော့တေးအမျိုးအစားတစ်ခုဖြစ်ပြီး ဧည့်သည်များကို ထိုကော့တေးဖြင့် ဧည့်ခံပါကလည်း အကြိုက်တွေ့သွားကြမှာ အမှန်ပါပဲ။ Negroni ကော့တေးလေး ဖျော်စပ် သောက်သုံးပြီးတဲ့နောက်မှာ ဘယ်လိုအတွေ့အကြုံမျိုး ခံစားရသလဲဆိုတာ အခြားသော ကော့တေးချစ်သူများကိုလည်း ဝေမျှပေးခဲ့ဖို့ မမေ့နဲ့ဦးနော်။

Source: Thespruceeats

Featured Image: The Honeycombers