ဒီနှစ်အတွက် ကမ္ဘာ့ရုပ်ရှင်ဈေးကွက်ကို နာမည်ကျော် Netflix ရုပ်ရှင်စီးရီး Squid Game က အကြီးအကျယ်လွှမ်းမိုးထားတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

Squid Game ဟာ Netflix သမိုင်းမှာ လူကြည့်အများဆုံး Show တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒေါ်လာသန်းပေါင်းများစွာ တန်တဲ့ ငွေသားဆုကြေးတွေ ရဖို့ အသက်နဲ့ရင်းတဲ့ ဂိမ်းကစားနည်းတွေ ကစားရတဲ့ ဒီရုပ်ရှင်ဟာ ကိုရီးယားဘာသာစကားပြောတဲ့ ရုပ်ရှင်ဖြစ်ပေမယ့် ကမ္ဘာတလွှားမှာ ဒီစီးရီးကို အိမ်ထောင်စုပေါင်း ၁၄၂ သန်း ဝန်းကျင် ကြည့်ရှုကြတယ်လို့ Netflix က ကြေညာပါတယ်။

scene of Squid Game

Photo: SCMP

ဒီစီးရီးဟာ တောင်ကိုရီးယားရိုးရာဓလေ့ ကလေးကစားနည်းတွေကို ကစားပြီး ကစားပွဲမှာ ရှုံးသူတွေကို သတ်ပြီး ၊ အသက်ရှင်ကျန်ရစ်သူကို ဝမ် ၄၅.၆ ဘီလျံ (ဒေါ်လာ ၃၈.၅၈သန်း) ဆုကြေးချီးမြှင့်တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Netflix မှာ ဒီရုပ်ရှင်ကို စပြီး လွှင့်တင်ခဲ့ချိန်ကစလို့ တစ်ကမ္ဘာလုံးမှာ ဒီဇာတ်လမ်းတွဲကို စိတ်ဝင်စားသူ သန်းရာပေါင်းများစွာ ရှိလာခဲ့တာပါ။ အသက်ရှင်ရေး ရုန်းကန်ရတဲ့ Survival ဂိမ်းဆန်ဆန် ရုပ်ရှင်ဖြစ်ပြီး နာမည်ကို Squid ကင်းမွန်ဂိမ်းလို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။

Squid Game ဟာ အမေရိကန်အပါအဝင် ၉၄ နိုင်ငံမှာ ကြည့်ရှုမှု အများဆုံး နံပါတ်တစ်နေရာက ရပ်တည်နေပါတယ်။ Squad Game ကို ဒေါ်လာ ၂၁.၄ သန်း အကုန်အကျခံပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်က ရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၈၉၁.၁ သန်း ရှိလာပြီ ဖြစ်လို့ မူရင်း ကုန်ကျစရိတ်ထက် ၄၁.၇ ဆ ပြန်ရတယ်လို့ ပြောနိုင်ပါတယ်။ ဈေးကွက်အရလည်း ထင်မထားလောက်အောင် အောင်မြင်မှုရခဲ့သလို ရုပ်ရှင်အမြင်အရလည်း ချီးကျူးသံညံခဲ့ရတဲ့ ရုပ်ရှင် Show ဖြစ်ပါတယ်။

Korean series 'Squid Game'

Photo: Yahoo Finance

“ဒီတတိယသုံးလပတ်အတွင်းမှာ Netflix ကို စာရင်းသွင်းကြည့်သူဦးရေက ထိုးတက်လာနေပါတယ်။” လို့ ကုမ္ပဏီရဲ့ ဘဏ္ဍာ‌ရေးအမှုဆောင်အရာရှိချုပ် စပန်ဆာ နူးမန်းက ပြောပါတယ်။
တတိယသုံးလပတ်အတွင်း Netflix ပလက်ဖောင်းကို subscribe လုပ်သူ ၄.၃၈ သန်း ရှိလာပြီး အများစုက အာရှနဲ့ ဥရောပက ဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့် စတုတ္ထသုံးလပတ် အောက်တိုဘာ-နိုဝင်ဘာ-ဒီဇင်ဘာမှာ နောက်ထပ်ဖောက်သည် ၈.၅ သန်း ရရှိမယ်လို့လည်း Netflix က ခန့်မှန်းထာပါတယ်။

Featured Photo: Yahoo Finance