Netflix မှာ ကြည့်စရာ ရုပ်ရှင်စီးရီးတွေ တော်တော်ကြီးကို များပါတယ်။ အချစ် ၊ ဟာသ ၊ ဒရမ်မာ ၊ အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတွေ အမျိုးအစား အစုံအလင်ပါပဲ။ ဒီထဲကမှ ရုပ်ရှင် ချစ်သူတွေ အကြိုက်တွေ့စေမယ့် အကောင်းဆုံး Netflix ရုပ်ရှင် စီးရီး ၅ ခုကို တင်ဆက်ပေးချင်ပါတယ်။

(၁) Lupin (2021)

Source : Netflix

Lupin (2021) စီးရီးဟာ လျှို့ဝှက်သည်းဖို ရုပ်ရှင်ဇာတ်ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ ကြည့်သင့်တဲ့ အကောင်းဆုံး Netflix စီးရီးတစ်ခု ဖြစ်ပါတယ်။ ၂၀၂၁ ဇန်နဝါရီမှာ ပထမ Episodes ၅ ပိုင်း ထွက်ရှိခဲ့ပြီး ဇွန်လမှာ နောက်ထပ် ၅ ပိုင်းထပ်ထွက် ထားပါတယ်။ Lupin (2021) စီးရီးဟာ Netflix ရဲ့ လူကြိုက်အများဆုံး Top Ten စာရင်းဝင်တဲ့ ပြင်သစ် ရုပ်ရှင်စီးရီးတစ်ခု ဖြစ်ပါတယ်။

(၂) Maid (2021)

Source : Netflix

Maid (2021) ကတော့ Netflix ရဲ့ အကောင်းဆုံး ဒရာမာ စီးရီးတစ်ခု ဖြစ်ပါတယ်။ အမေရိကန် စာရေးဆရာမ Stephanie Land ရဲ့ ရောင်းအားအကောင်းဆုံး ဖြစ်ရပ်မှန် ကိုယ်တွေ့မှတ်တမ်း Maid ကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ Single Mother တစ်ယောက်ရဲ့ ဘဝရုန်းကန်မှုကို ပုံဖော်ထားတဲ့ ဒရာမာဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၃) Money Heist (2017-2021)

Source : Netflix

အကောင်းဆုံး Netflix စီးရီးတွေအကြောင်း ပြောမယ်ဆိုရင် Money Heist ကတော့ မပါမဖြစ်ပါပဲ။ ဒီဇာတ်ကားဟာ အကြီးဆုံး ဓားမြတိုက်မှုကို ပုံဖော်ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရှု့သူတွေကို ရင်တထိတ်ထိတ် ဖြစ်စေတဲ့အထိ ရသမြောက်လှတဲ့ ဇာတ်ကားကောင်း တစ်ကားပါ။

(၄) The Witcher (2019-2021)

Source : Netflix

The Witcher ကတော့ စိတ်ကူးယဉ် ဒရာမာအမျိုးအစား Netflix စီးရီး တစ်ခုဖြစ်ပါတယ်။ The Witcher ဝတ္ထုစီးရီးကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူး ပုံဖော်ထားတာပါ။ ၂၀၂၁ ဒီဇင်ဘာမှာ Season 2 ထွက်ရှိထားပြီး ရုပ်ရှင်ချစ်သူတွေတို့ကို အရူးအမူး စွဲလမ်းသွားစေမယ့် အကောင်းဆုံး ရုပ်ရှင် စီးရီးတစ်ခု ဖြစ်ပါတယ်။

(၅) Bridgerton (2020)

Source : Netflix

Bridgerton (2020) စီးရီးဟာ Netflix မှာ ကြည့်ရှု့သူအများဆုံးဖြစ်လာတဲ့ အချစ်ဒရမ်မာ စီးရီးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၇၆ နိုင်ငံမှာ လူကြိုက်အများဆုံး နံပါတ် ၁ Netflix စီးရီးတစ်ခု အဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။ ဒီစီးရီးဟာ အမေရိကန် အချစ်ဝတ္ထု ဆရာမ Julia Quinn ရဲ့ အရောင်းရဆုံး ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Featured Photo : The New York Times