လိမ်ညာတယ်ဆိုတာကတော့ ဘယ်တော့မှ မကောင်းဘူးပေါ့။ သို့သော်လည်း မညာလို့ မဖြစ်လို့ လိမ်လိုက်ရတာတွေလည်း ရှိကြမှာပါပဲ။ အခုပြောမှာကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးနဲ့ ပထမဆုံး တွေ့ချိန်မှာ လိမ်ပြောလို့ မကောင်းတဲ့ အရာတွေအကြောင်း ဖြစ်ပါတယ်။
(၁) နာမည်

Photo: wonderwardrobes
အဆိုးဆုံးပါပဲ။ ကိုယ့်နာမည်ကို လိမ်ပြောထားခြင်းက အစကတည်းက တစ်ဖက်လူရဲ့ ယုံကြည်မှုကို ချိုးဖျက်လိုက်တာပါပဲ။ ဘယ်သူမှ လူလိမ်တစ်ယောက်နဲ့ Date မလုပ်ချင်ဘူးဆိုတာ သိထားပါ။
(၂) အသက်

Photo: hackspirit
ကိုယ့်ကိုယ်ကိုယ် ရုပ်နုတယ်ဆိုရင်တောင် အသက်ကို အမှန်အတိုင်းပြောတာ ကောင်းပါတယ်။ အသက်လိမ်ခြင်းဟာ သိပ်အရေးမကြီးဘူး ထင်ရပေမယ့် နောက်ဆက်တွဲပြဿနာတွေကို ဖိတ်ခေါ်နေတဲ့ မီးစလေးတစ်စလို့ မှတ်ထားသင့်ပါတယ်။
(၃) အလုပ်အကိုင်

Photo: Brilianty
ကိုယ့်ကို ကောင်မလေး အထင်အမြင်ကြီးအောင်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောတဲ့အထဲမှာ အလုပ်အကိုင်အကြောင်းလည်း ပါတတ်ပါတယ်။ ဒါမျိုးက စုံစမ်းရလွယ်ပါတယ်။ ကိုယ့်ကို ပြန်ကြိုက်မယ့် ကောင်မလေးကလည်း ပြန်မသိဘဲ နေမယ့် ကိစ္စမဟုတ်ပါဘူး။ အမှန်အတိုင်း ပြောပြလိုက်ပါ။
(၄) အချစ်ရေး

Photo: Medium
အရင်တုန်းက ရည်းစားရှိမရှိ ၊ အိမ်ထောင်သည် ဟုတ်/မဟုတ်ဆိုတာ နဲ့ ပတ်သက်ရင်လည်း ရိုးသားဖို့ လိုပါတယ်။ အရာအားလုံးကို ပြောမပြချင်ရင်တောင် မဖြစ်မနေ သိရမယ့် အချက်အလက်တွေကို ပြောပြထားတာ အမှန်ဆုံး လုပ်ရပ်ပါပဲ။
