ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ အသင်းရဲ့ဝါရင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ကို အသင်းမှာ အနာဂတ်မရှိတော့တဲ့အကြောင်းကို ပြောခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး ပယ်လီဂရီနီရဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

Photo: fcbarcelonanoticias

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ ယခုအပတ်အစောပိုင်းမှာ အသင်းရဲ့ရှေ့ဆက်သွားမယ့်အစီအစဉ်ထဲမှာ မပါဝင်တော့ကြောင်းနဲ့ အသင်းပြောင်းရလိမ့်မယ်လို့ နည်းပြသစ်ကိုးမန်းရဲ့ ပြောကြားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ကို နည်းပြခဲ့ဖူးတဲ့ ပယ်လီဂရီနီက ကိုးမန်းဟာ ဆွာရက်ဇ်ကို ဖုန်းနဲ့ပဲဆက်သွယ်ပြီး အသိပေးခဲ့တာဟာ လေးစားမှုကင်းမဲ့မှုကို ပြသခဲ့တာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ပုဂ္ဂိုလ်ရေးတစ်ဦးတည်းအမြင်အရ အဲဒါက မှန်ကန်တဲ့ပုံမပေါ်ခဲ့ပါဘူး။”ပထမဦးဆုံး နည်းပြတစ်ယောက်အနေနဲ့ ခံယူချက်ရှိရမှာဖြစ်ပြီး ကစားသမားနဲ့ ရှေ့ထွက်ပြီး မျက်နှာချင်းဆိုင် စကားပြောရမှာပါ။ သူ ဆက်ပြီး ကစားရတော့မှာမဟုတ်ဘူးဆိုတာကိုပေါ့”ကျွန်တော် အဲဒီလို အကြိမ်ပေါင်းများစွာလုပ်ခဲ့ရပြီး အဲဒါက နာကျင်ရပါတယ်။ ဒါပေမယ့် အဲဒါကို ဖုန်းနဲ့ဆက်ပြီး ပြောတာက ကျွန်တော့်အတွက်တော့ နည်းပြနဲ့ ကစားသမားတွေကြား လေးစားမှုကင်းမဲ့တဲ့ပုံစံလို့ပဲ မြင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Photo : Forbes

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူးဝစ္စဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ၂၁ ဂိုး သွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပြီး ယခုနွေရာသီမှာ အသင်းဟောင်း အေဂျက်နဲ့ မေဂျာလိဂ်အသင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းတို့နဲ့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။