ရုပ်ရှင်ချစ်သူတွေကတော့ ဒီတစ်ပတ် ဘယ်ကားသစ်တွေ ရုံတင်မလဲ ၊ ဒီလထဲ ဘယ်ရုပ်ရှင်တွေ ကြည့်ရမလဲဆိုပြီး အမြဲရင်ခုန်စောင့်စားနေကြမှာပါ။ ဒီနှစ် နိုဝင်ဘာထဲမှာ ဇာတ်ကားသစ်တွေ အများကြီး ရုံတင်ဖို့ ရှိပါတယ်။ နိုဝင်ဘာလလယ်ပိုင်းလောက်မှာ ရုံတင်မယ့် ရုပ်ရှင်ကားသစ်တွေထဲမှာ ဒီရုပ်ရှင်ချစ်ပရိသတ်တွေ အကြိုက်တွေ့ဖို့ရှိတဲ့ကားတချို့ကတော့

(၁) Belfast

Belfast

Photo: irishnews

ဘဲလ်ဖတ်စ်ဆိုတာ မြောက်အိုင်ယာလန်ရဲ့ မြို့တော်ပါ။ နိုဝင်ဘာဒုတိယပတ်မှာ ထွက်မယ့် Belfast ရုပ်ရှင်ကားက ဒရာမာရုပ်ရှင်အများအစားဖြစ်ပြီး ဘဲလ်ဖတ်စ်မြို့မှာ ၁၉၆၀ နောက်ပိုင်း ဗရုတ်ဗရတ်ကာလကြီးအတွင်းက လူငယ်လေးတစ်ယောက်နဲ့ သူ့ရဲ့ အလုပ်သမားလူတန်းစား မိသားစုအတွေ့အကြုံအကြောင်းကို ရိုက်ထားတာပါ။ ဒီကားမှာ Jude Hill ၊ Lewis McAskie ၊ Caitriona Balfe နဲ့ Jmie Dornan တို့က သရုပ်ဆောင်ထားပါတယ်။

(၂) Clifford The Big Red Dog

Clifford The Big Red Dog

Photo: YouTube

ဒီရုပ်ရှင်က Animation ၊ Adventure & Comedy ရုပ်ရှင်ကားပါ။ Clifford လို့ခေါ်တဲ့ ခွေးကလေးနဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖြစ်ပြီး Clifford ဟာ မတန်တဆ ဧရာမအရွယ်အစားနှုန်းနဲ့ ကြီးလာခဲ့ပါတယ်။ ဒီကားမှာ သရုပ်‌ဆောင်ထားသူတွေကတော့ Darby Camp ၊ Jack Whitehall ၊ Izaac Wang နဲ့ John Cleese တို့ ဖြစ်ပါတယ်။

(၃) Apex

Apex

Photo: YouTube

Apex က အက်ရှင်ကားပါ ။ မင်းသားကြီး Bruce Willis နဲ့အတူ Neal McDonough ၊ Corey Large နဲ့ Alexia Fast တို့ သရုပ်ဆောင်ထားပါတယ်။ လက်ယဉ်ပြီး ကျွမ်းကျင်လှတဲ့ မုဆိုး ၅ ဦး ဟာ စွန့်ပစ်ကျွန်းပေါ်မှာ လူတစ်ယောက်ကို အမဲလိုက်ရင်းနဲ့ သူတို့ကိုယ်တိုင်က သားကောင်ဖြစ်သွားကြပါတယ်။

(၄) Night Raiders

Night Raiders

Photo : YouTube

Night Raiders က သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်အမျိုးအစားဖြစ်ပြီး အစိုးရအဖွဲ့အစည်းတစ်ခုလက်ကနေ သမီတစ်ယောက်ကို ကယ်ဖို့ မြေအောက်ဂိုဏ်းသားတွေနဲ့ ပူးပေါင်းတဲ့ ဇာတ်လမ်းဖြစ်ပြီး Elle-Máijá Tailfeathers, Brooklyn Letexier-Hart, Alex Tarrant, Amanda Plummerတို့ က သရုပ်ဆောင်ထားပါတယ်။

Featured Photo : YouTube