သီချင်းလေးတွေက သင့်ရဲ့ စိတ်ကို ကုစားပေးနိုင်တယ်ဆိုတာကို သင် ယုံကြည်ပါသလား။ ဟုတ်ပါတယ် စိတ်ညစ်တဲ့အချိန်မှာ မြူးကြွတဲ့သီချင်းလေးတွေ နားထောင်ပေးမယ်ဆိုရင် စိတ်ဓာတ်ခွန်အား ပြန်လည်မြှင့်တက်လာမှာဖြစ်ပြီး စိတ်ပင်ပန်းနွမ်းနယ်ချိန်မှာ သာယာနာပျော်ဖွယ်ရှိတဲ့ သီချင်းအေးအေးလေးတွေက စိတ်အပန်းပြေစေမှာပဲဖြစ်ပါတယ်။

မိမိရဲ့ စိတ်ခံစားချက်ပေါ် မူတည်ပြီး သီချင်းအရွေးမှန်ဖို့လည်း လိုပါတယ်။ အသည်းကွဲနေတဲ့အချိန်မှာ အသည်းကွဲသီချင်းတွေ နားထောင်မိမယ်ဆိုရင်တော့ ခံစားရတဲ့ ဝေဒနာက ပိုမိုဆိုးရွားလာနိုင်တာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

Kwee ရဲ့ သီချင်းချစ်သူတို့အတွက် ဒီတစ်ခေါက်မှာ တင်ဆက်ပေးချင်တဲ့ သီချင်းလေးတွေကတော့ ပေါ့သီချင်းအေးအေးလေးတွေပဲဖြစ်ပါတယ်။ ရုံးတက် ရုံးဆင်း ဘတ်စ်ကား စောင့်နေတဲ့အချိန် ဘတ်စ်ကားစီးနေတဲ့အချိန်မှာ ပျင်းရိမငြီးငွေ့ရလေအောင် နားကြပ်လေး တပ်ရင်း နားဆင်ခံစားကြည့်လိုက်မယ်ဆိုရင် ကိုယ်ပိုင်သီးသန့်ကမ္ဘာလေးထဲရောက်နေသလို ပျော်ဖို့ကောင်းမှာပဲဖြစ်ပါတယ်။

ဘယ်ပေါ့ပ်သီချင်းလေးတွေက ကွီးတို့ရဲ့စိတ်ကို အပန်းပြေစေမလဲဆိုတာ နားဆင်ခံစားကြည့်လိုက်ရအောင်လား။

၁။ On My Way : Alan Walker 

Source: Alan Walker

၂။ Cool : Jonas Brothers 

Source: Jonas Brothers

၃။ If I Can’t Have You : Shawn Mendes 

Source: Shawn Mendes

၎။ I Don’t Care : Ed Sheeran & Justin Bieber 

Source: Ed Sheeran

၅။ In My Blood : Shawn Mendes 

Source: Shawn Mendes

၆။ Let Me Down Slowly : Alec Benjamin 

Source: Alec Benjamin

၇။ ME! : Taylor Swift (Feat. Brendon Urie of Panic! At The Disco) 

Source: Taylor Swift

၈။ Bad Things : Machine Gun Kelly, Camila Cabello

Source: Machine Gun Kelly

၉။ Shallow : Lady Gaga & Bradley Cooper 

Source: Lady Gaga

၁၀။ Perfect : Ed Sheeran 

Source: Ed Sheehan