အိမ်မှာနေရတဲ့အချိန်တွေမှာ ဆိုရှယ်မီဒီယာသုံးလိုက် ၊ ရုပ်ရှင်ကြည့်လိုက် ၊ စာအုပ်ဖတ်လိုက်နဲ့ လုပ်စရာထွေထွေထူးထူးမရှိလို့ ပျင်းနေပြီဆိုရင် အခုပြောပြမယ့် ပညာရပ်လေးတွေကို အားလပ်ချိန်တွေမှာလေ့လာကြည့်ပါ။ အိမ်မှာနေတဲ့အချိန်အတွင်း အပျင်းပြေပြီး အကျိုးလည်းရှိစေမယ့် ပညာရပ်လေးတွေမို့ စာဖတ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁) ဓာတ်ပုံရိုက်ကူးပြုပြင်ခြင်းပညာ

 man using smart phone taking photo which take a picture food

Source : Freepik

ပရော်ဖက်ရှင်နယ်ကင်မရာမရှိလည်း ကိုယ့်မှာရှိတဲ့ စမတ်ဖုန်းနဲ့ စတင်လို့ရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် ပတ်ဝန်းကျင်က သဘာဝအလှတရားတွေကို မြင်နိုင်စွမ်းရှိဖို့နဲ့ ကိုယ်ရဲ့ ဖန်တီးမှုစွမ်းရည်ပေါ်မူတည်ပြီး လှပတဲ့ဓာတ်ပုံကောင်းလေးတွေ ရိုက်ကူးလို့ရနိုင်ပါတယ်။ ရိုက်ကူးထားတဲ့ပုံတွေကို Photoshop ၊ Lightroom စတဲ့ဆော့ဝဲတွေနဲ့ အလန်းဆုံးဖန်တီးပြုပြင်လို့လည်း ရပါသေးတယ်။

(၂) လက်မှုပညာ

 artist hand holding brush and painting picture

Source : Freepik

ကိုယ့်စိတ်ဝင်စားတဲ့ ဝါသနာပေါ်မူတည်ပြီး မတူညီတဲ့လက်မှုပညာရပ်တွေကို လေ့လာသင်ယူလို့ရနိုင်ပါတယ်။ ဥပမာ ပန်းချီဆွဲတာ ၊ စွန့်ပစ်ပစ္စည်းတွေနဲ့ အသုံးဝင်တဲ့ပစ္စည်းအသစ်လေးတွေဖန်တီးတာ ၊ ကြိမ် သို့မဟုတ် ဝါးကိုအခြေခံပြီး ပစ္စည်းတွေပြုလုပ်တာ စသည်ဖြင့် ကိုယ်စိတ်အားထက်သန်တဲ့ လက်မှုပညာရပ်လေးတွေကို လေ့လာသင်ယူသင့်ပါတယ်။

(၃) အချက်အပြုတ်ပညာ

 hands cutting vegetables on board

Source : Freepik

ယောကျ်ားလေးတွေမလို့ မီးဖိုချောင်ကိစ္စတွေ သင်ယူထားဖို့မလိုဘူးလို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ အချက်အပြုတ်ပညာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်းတက်မြောက်ထားသင့်ပါတယ်။ တချို့အမျိုးသားတွေမှာလည်း ကိုယ်တိုင်ကအချက်အပြုတ်ကိုဝါသနာပါသူတွေရှိသလို ပရော်ဖက်ရှင်နယ်ပညာရပ်တစ်ခုအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြသူတွေလည်းရှိပါတယ်။ ဒါကြောင့်အိမ်မှာနေတဲ့အချိန်တွေမှာ ချက်တက်ပြုတ်တက်အောင် နည်းနည်းပါးပါးတော့ လေ့လာထားသင့်ပါတယ်နော်။

(၄) အိမ်တွင်းအလှဆင်ပညာ

 Man Lifting Couch In Living Room

Source : Freepik

အိမ်မှာနေတဲ့အချိန်နဲ့ အကိုက်ညီဆုံးလေ့လာထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အိမ်တွင်းအလှဆင်ပညာရပ်နဲ့ပတ်သတ်ပြီး အွန်လိုင်းသင်တန်းတွေတက်လို့ရသလို Youtube ကနေလည်း ဗီဒီယိုလေးတွေကြည့်ပြီး ကိုယ်တိုင်လိုက်လုပ်ကြည့်နိုင်ပါတယ်။ အွန်လိုင်းကနေလေ့လာပြီး လက်တွေ့အနေနဲ့ ကိုယ့်အိမ်တွင်းမှာရှိတဲ့ ပစ္စည်းတွေကိုသေချာနေရာပြန်ချတာ ၊ သပ်သပ်ရပ်ရပ်နဲ့ ပိုပြီးကြည့်ကောင်းအောင်ပြင်ဆင်တာမျိုးတွေလုပ်နိုင်ပါတယ်။