ကမ္ဘာ့နေရာ အသီးသီးမှာ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးပွဲတော်တွေကို စည်းကားသိပ်မြိုက်စွာ ကျင်းပလေ့ရှိ ကြပါတယ်။ ဆန်းသစ်တဲ့ အစီအစဥ်တွေ ၊ ထူးခြားတဲ့ အပြင်အဆင်တွေနဲ့ နှစ်သစ်ကို ဝမ်းမြောက်ပျော်ရွှင်စွာ ကြိုဆိုကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ New Year ကို ကြိုဆိုဖို့အတွက် ကမ္ဘာ့အကောင်းဆုံး နေရာ ၅ ခု ကိုမျှဝေပေးချင်ပါတယ်။
(၁) Sydney, Australia
Photo : Twitter
Sydney မြို့ဟာ နှစ်သစ်ကူးအကြိုညကို စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းဖို့ အကောင်းဆုံး နေရာ တစ်ခုပါ။ Sydney ဆိပ်ကမ်းပေါ်ကနေ လှပတဲ့ မီးရှူးမီးပန်းတွေကို ကြည့်ရှုရင်း နှစ်သစ်ကို ကြိုဆိုနိုင်သလို ဆိပ်ကမ်းခြေတစ်လျှောက်က နာမည်ကြီး စားသောက်ဆိုင်တွေမှာ အရသာရှိတဲ့ အစားအသောက်တွေ တည်ခင်းရင်း မီးပန်းအလှတွေကို ခံစားလို့ရပါတယ်။
(၂) Las Vegas, Nevada

Photo : KTNV
နှစ်သစ်ကို ကြိုဆိုဖို့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး နေရာ တွေထဲက တစ်ခုကတော့ Las Vegas ဖြစ်ပါတယ်။ Las Vegas မြို့ဟာ ကမ္ဘာပေါ်က ပျော်စရာအကောင်းဆုံး Nightlife နဲ့ ပါတီပွဲတွေ ကျင်းပရာ မြို့တစ်မြို့ပါ။ နှစ်သစ်ကူးအကြိုညမှာ Las Vegas မြို့ဟာ ကာစီနိုရုံတွေ ၊ နိုက်ကလပ်တွေ ၊ Hotel Events တွေ ၊ မီးရှူးမီးပန်းပွဲတော်တွေနဲ့ သက်ဝင်လှုပ်ရှားစည်းကားလေ့ ရှိပါတယ်။ ထူးခြားတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ပျော်ပျော်ပါးပါး နှစ်သစ်ကို ကြိုဆိုချင်တယ်ဆိုရင်တော့ Las Vegas က သွားသင့်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။
(၃) Miami, United States

Photo : MiamiCurated
Miami ကတော့ နှစ်သစ်ကူးပါတီတွေ အစည်းကားဆုံးကျင်းပတဲ့ နေရာ တစ်ခုအဖြစ် နာမည်ကြီးပါတယ်။ အလန်းစားပါတီ အတွေ့အကြုံတွေကို ခံစားရင်း နှစ်သစ်ကူးညကို ဖြတ်သန်းချင်တယ်ဆိုရင်တော့ Miami က အသွားသင့်ဆုံးနေရာတွေထဲက တစ်ခုဆိုတာ အသေအချာပါပဲ။ အလန်းတကာ့ အလန်းဆုံး Beach ပါတီတွေ ၊ Miami မြို့လယ်ခေါင်က ရင်သပ်ရှုမောဖွယ် မီးရှုးမီးပန်းပွဲတော်တွေအပြင် Hotel နဲ့ Bar တွေက မတူညီတဲ့ နှစ်သစ်ကူးပါတီတွေကိုလည်း ဝင်ရောက်စီးမျောခံစားရင်း နှစ်သစ်ကို အကောင်းဆုံး ကြိုဆိုလို့ရပါတယ်။
(၄) Venice, Italy

Photo : See Italy Travel
နှစ်သစ်ကို ကြိုဆိုဖို့အတွက်ဆိုရင် အံ့မခန်းဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ အီတလီမြောက်ပိုင်း Veneto ဒေသရဲ့ မြို့တော် Venice မြို့ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ Venice မြို့မှာ နှစ်စဉ် နှစ်သစ်ကူးအကြိုနေ့တိုင်း အမိုက်စား ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ ပါတီပွဲတွေ ကျင်းပကြလေ့ ရှိပါတယ်။ Venice မြို့ရဲ့ ညအလှကို အပျော်စီးသင်္ဘောပေါ်ကနေ တဝကြီးကြည့်ရှုရင်း နှစ်သစ်ကူးညကို ဖြတ် သန်းလို့ရသလို အေးအေးဆေးဆေး အနုပညာကို ခံစားရင်း နှစ်သစ်ကို ကြိုဆိုချင်သူတွေအတွက်လည်း အော်ပရာပြဇာတ်တွေ သွားရောက် ကြည့်ရှု့နိုင်ပါတယ်။
(၅) Dubai, UAE

Photo : Arabian Business
Dubai ဟာ New Year ကို ကြိုဆိုဖို့အတွက် ကမ္ဘာ့အကောင်းဆုံး နေရာ တစ်ခုအဖြစ် သေချာပေါက် ထည့်သွင်းရာမှာ ဖြစ်ပါတယ်။ Dubai မြို့ရဲ့နေရာ အနှံ့အပြားမှာ လှပတဲ့ မီးရှုးမီးပန်းပွဲတော်တွေနဲ့ နှစ်သစ်ကို အခမ်းနားဆုံး ကြိုဆိုဂုဏ်ပြုလေ့ ရှိပါတယ်။ နှစ်သစ်ကူးကာလမှာဆိုရင် Dubai ဟာ နိုင်ငံတကာက လာရောက်လည်ပတ်သူတွေနဲ့ စည်းကားနေပြီး စားသောက်ဆိုင်တွေ ၊ ဟိုတယ်ကြီးတွေမှာလည်း နှစ်သစ်ကို ပုံစံအမျိုးမျိုးနဲ့ ခမ်းခမ်းနားနား ကြိုဆိုလေ့ရှိကြတာပဲ ဖြစ်ပါတယ်။
Photo : Restaurant Clicks

