မကြာခင်မှာ နှစ်တစ်နှစ်ကုန်ဆုံးပြီး နောက်ထပ်နှစ်သစ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ နှစ်သစ်တစ်နှစ် နီးကပ်လာတာနဲ့ အမျှ နှစ်သစ်ကို ကြိုဆိုမဲ့ အငွေ့အသက်တွေ သံစဉ်လေးတွေ ပျံ့နှံ့လာပါတယ်။ နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့မှာ မိသားစုတွေ၊ ချစ်ခင်ရသူတွေ၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နှစ်သစ်ကူး အကြိုပါတီလေး ကျင်းပတာကလည်း တကယ်ကို ပျော်ရွှင်စရာကောင်းပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ အိမ်မှာပဲ New Year ပါတီလေး ကျင်းပတဲ့အခါ ပိုပြီးတတ်တတ်ကြွကြွနဲ့ ပိုမိုအသက်ဝင်ပျော်ရွှင်စေဖို့ သီချင်း ကောင်းလေးများကို ဖော်ပြပေးချင်ပါတယ်။

(၁) “Cuff It” by Beyoncé

Source : RENAISSANCE CLUB

ကွီးတို့ရဲ့ New Year ပါတီလေးနဲ့ လိုက်ဖက်တဲ့ သီချင်း ကောင်းလေး တစ်ပုဒ်ကတော့ Beyoncé ရဲ့ Cuff It ပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးက ဂရမ်မီ ဆန်ခါတင်စာရင်းဝင် သီချင်းဖြစ်ပြီး R&B နှင့် ဒစ်စကိုပုံစံ တင်ဆက်ထားတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

(၂) “Happy New Year” by Abba

Source : Abba

ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကို ကြိုဆိုဖို့အတွက် ဟန်ချက်ညီပြီး သံပြိုင်သီဆိုထားတဲ့ ဒီ “Happy New Year” ဆိုတဲ့ သီချင်းလေးက ကွီးတို့ကို ကြည်နူးပျော်ရွှင်မှု အပြည့်အဝရစေမှာပါ။

(၃) “Good As Hell” by Lizzo

Source : Lizzo Music

ဒီသီချင်းလေးက ကိုယ့်ရဲ့ မကောင်းတဲ့ Relationship တွေကို အတိတ်မှာထားခဲ့နိုင်တာကို Lizzo က ဂုဏ်ပြုထားပါတယ်။ နှစ်သစ်မှာ ကိုယ့်ရဲ့ တမူထူးခြားမှုနဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ရယူလိုပါ။

(၄) “I Gotta Feeling” by Black Eyed Peas

Source : Black Eyed Peas

Black Eyed Peas ရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ I Gotta Feeling ကလည်း မြူးမြူးကြွကြွနဲ့ ပါတီ Vibe အပြည့်အဝ ရတဲ့ သီချင်းလေး ဖြစ်ပြီး နှစ်သစ်ကူး အကြိုညလေးနဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းလေးပဲ ဖြစ်ပါတယ်။

(၅) “One More Time” by Daft Punk

Source : Draft Punk

ဒီသီချင်းရဲ့ မြူးကြွတဲ့ တီးလုံးသံနဲ့ စာသားတွေက ပါတီမှာရှိတဲ့ လူအများကို တတ်ကြွစေမှာပါ။ နှစ်သစ်ကို မြူးမြူကြွကြွနဲ့ ကြိုဆိုဖို့လိုက်ဖက်တဲ့ သီချင်းကောင်းပဲ ဖြစ်ပါတယ်။

(၆) “New Year’s Day” by U2

Source : U2

U2 ရဲ့ “New Year’s Day” ကလည်း ကွီးတို့ရဲ့ အိမ်မှဘဲ ကျင်းပမဲ့ New Year ပါတီလေးမှာ ဖွင့်ဖို့ လိုက်ဖက်တဲ့ မြူးကြွတဲ့ သီချင်း ကောင်းပဲ ဖြစ်ပါတယ်။

(၇) “Free Mind” by Tems

Source : Guardi

Tems ရဲ့ Free Mind ဆိုတဲ့ သီချင်းလေးကလဲ တမူထူးခြားတဲ့ သံစဉ်လေးတွေနဲ့အတူ လေးနက်တဲ့ စာသားတွေက ကွီးတို့ နှစ်သစ်ကို ကြိုဆိုဖို့ ရွေးချယ်သင့်တဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါပဲ။

Source : GH

Featured Photo : Vista Create