ကွီးတို့ရေ မကြာခင်မှာ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ New Year’s Eve လေးတွေမှာ ချစ်ရသူတွေနဲ့အတူ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးကြတယ် မဟုတ်ပါလား။ နှစ်သစ်ကူးအကြိုအတွက် ပျော်ရွှင်စရာ အချိန်လေးတွေမှာ အဖျော်ယမကာများနဲ့ ကော့လ်တေးများ က တကယ်ကို လိုက်ဖက်ပြီး ပိုပြီးခမ်းနားစေမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ New Year’s Eve နဲ့ အလိုက်ဖက်ဆုံးသော ကော့လ်တေးများ ကိုဖော်ပြပေးချင်ပါတယ်။
Kir Royale

Photo : Tori Avey
ပြင်သစ်ကော့လ်တေး တစ်မျိုးဖြစ်တဲ့ Kir Royale ကော့လ်တေးဟာ သူ့ရဲ့တောက်ပတဲ့ အရောင်နဲ့ အရသာကြောင့် New Year’s Eve မှာ တည်ခင်း ဧည့်ခံဖို့ အလိုက်ဖက်ဆုံး ကော့လ်တေးများ ထဲကတစ်ခု ဖြစ်ပါတယ်။ ရှန်ပိန်နဲ့ ဖျော်စပ်နဲ့ ဖျော်စပ်ရတာကြောင့် New Year’s Eve ချည်း သီးသန့် မသောက်ချင်တဲ့ သူတွေအတွက် ရွေးချယ်စရာ တစ်ခုပါ။
Espresso Martini

Photo : Abel & Cole
ဗော်ကာနဲ့ ကော်ဖီပေါင်းစပ်ပြီး ဆန်းသစ်တဲ့ Espresso Martini ကော့လ်တေးကလည်း နှစ်သစ်ကူး အကြိုညမှာ တည့်ခင်း ဧည့်ခံဖို့ ရွေးချယ်စရာ ကော့လ်တေးတစ်ခုပါပဲ။ ဒီကော်ဖီကော့လ်တေးဟာ ချိုမြိန်ပြီး အရသာရှိရုံသာမက ကော်ဖီနံ့သင်းသင်းလေးနဲ့ ဗော်ကာပေါင်းစပ်ပြီး ဆန်းသစ်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ ကြီးကျယ်ခမ်းနားလှတဲ့ ညစာစားပွဲတွေမှာ ညစာစားအပြီးတွင် ဒီကော်ဖီ ကော့လ်တေးကို ထည့်သွင်းဧည့်ခံလေ့ရှိတယ်လို့ ဆိုပါတယ်။
Negroni Sbagliato

Photo : II Club Delle Ricettle
နောက်ထပ်ဖော်ပြချင်တဲ့ ကော့လ်တေး တစ်မျိုးကတော့ ဂန္တဝင်ကော့လ်တေး ဖြစ်တဲ့ Negroni Sbagliato ပဲ ဖြစ်ပါတယ်။ ဒီကော့လ်တေးဟာ အမြဲတမ်း လူကြိုက်များတဲ့ ကော့လ်တေးဖြစ်တာကြောင့် ဘယ်လိုပွဲမျိုး၊ ပါတီမျိုးမှာမဆို လိုက်ဖက်တဲ့ ကော့လ်တေးပါပဲ။
French 75

Photo : Southern Living
French 75 ကော့လ်တေးကလည်း New Year’s Eve ပါတီလုပ်မယ်ဆိုရင် ထည့်သွင်းဧည့်ခံလို့ ကောင်းတဲ့ ကော့လ်တေး တစ်ခုပါပဲ။ ဒီကော့လ်တေးမှာ ဂျင်၊ သံပုရာရည်၊ ရိုးရိုးဆေးရည်တို့ကို ရှန်ပိန် သို့မဟုတ် စပါကလင် ဝိုင်တစ်ခုခုနဲ့ ရောစပ်ထားပြီး အရသာရှိတဲ့ ကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။
New Year’s Sparkler

Photo : Country Living Magazine
ကွီးတို့ ချစ်ရသူတွေနဲ့ နှစ်သစ်ကူးအကြိုညလေးမှာ ပါတီလုပ်မယ်ဆိုရင် မဖြစ်မနေ ထည့်သွင်းရမဲ့ ကော့လ်တေးတစ်ခုကတော့ New Year’s Sparkler ပဲဖြစ်ပါတယ်။ ဒီကော့လ်တေးကို ဗော်ကာနဲ့ ဖျော်စပ်ရပြီး တကယ်ကို တောက်ပတဲ့ အရောင်ဆင်းနဲ့ အရသာရှိတဲ့ ကော့လ်တေး တစ်ခွက်ပဲ ဖြစ်ပါတယ်။
Source : Liquor.com
Featured Photo : Your Home Style
