နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိလို့လာခဲ့ပါပြီ။ ဒီတစ်နှစ်လုံးမှာ ဘယ်အရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ရမယ်ဆိုပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကိုရော ပြည့်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ရဲ့လား။

လူသားတိုင်းကတော့ နှစ်တစ်နှစ်လုံးမှာ အကောင်းဆုံးသော အရာတွေနဲ့သာ ကြုံတွေ့ချင်ကြတာပါ။ ကိုယ့်ရဲ့ရည်မှန်းချက်များကိုလည်း အအောင်မြင်ဆုံးဖြစ်စေချင်ကြသူတွေချည်းပါပဲ။ မင်္ဂလာရှိတဲ့ နှစ်သစ်မှာ ကိုယ့်ရဲ့ရည်မှန်းချက်တွေ အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။ အရင်ကထက် လူကြီးလူကောင်း ပိုဆန်လာတဲ့ ယောကျာ်းတစ်ယောက်ဖြစ်အောင် ဘယ်အချက်တွေကို ကျင့်သုံးရမလဲ။

နေ့စဉ်မှတ်တမ်းတစ်ခု ချရေးပါ

New Years Resolutions That will Make You A Better Man

နေ့သစ်မှာ ဘယ်အရာတွေကို လုပ်ဆောင်ရမလဲ။ ကိုယ့်ရဲ့အတွေးအမြင်များ၊ စိတ်ခံစားချက်များ၊ ရည်မှန်းချက် ပန်းတိုင်များကို မမေ့လျော့ဖို့ရန်အတွက် ထိုစာအုပ်မှာ ချရေးထားလိုက်ပါ။ ကိုယ့်အလုပ်နဲ့ပဲဖြစ်ဖြစ်၊ ဘယ်အရာအတွက်ပဲဖြစ်ဖြစ် အိုင်ဒီယာအသစ်တစ်ခု ရလာခဲ့တဲ့အချိန်မှာလည်း ထိုစာအုပ်ထဲမှာပဲ ချမှတ်ထားလိုက်ပါ။

အရည်အသွေးကောင်းတဲ့ ပစ္စည်းများကိုသာ ဝယ်ယူပါ

New Years Resolutions That will Make You A Better Man

အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူတဲ့အခါမှာလည်း အရေအတွက် များများ ဝယ်ယူတာထက် အရည်အသွေးကောင်းတဲ့ အရာများကို ဦးစားပေးရမယ့်အချိန်ရောက်ရှိလို့လာပြန်ပါပြီ။ သင့်ရဲ့ပုံရိပ်ကို အရည်အသွေးကောင်းမွန်သော ပစ္စည်းများ အသုံးပြုကာ မြှင့်တင်လိုက်ပါ။

ကိုယ်ပိုင်အနားယူချိန် သတ်မှတ်ထားပါ

New Years Resolutions That will Make You A Better Man

တနေကုန်လုံး ဖုန်းသုံးခြင်း၊ တီဗွီကြည့်ခြင်း စတဲ့ လျှပ်စစ်ပစ္စည်းများ အသုံးပြုပြီး အတုအယောင်ကမ္ဘာကြီးထဲမှာ အချိန်ကုန်မယ့်အစား အချိန်ခဏသတ်မှတ်ထားပြီး ဖုန်းပိတ်ထားလိုက်ပါ။ ထိုအချိန်မှာ တောင်တက်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ဟင်းချက်ခြင်း အစရှိတဲ့ ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုခုကို ပြုလုပ်နေပါ။

အပြင်မှာ ထွက်စားမယ့်အစား အိမ်မှာ ချက်စားပါ

New Years Resolutions That will Make You A Better Man

အပြင်စာတွေ စားခြင်းက အချိန်ကုန် လူပင်ပန်းသက်သာစေတာတော့ မှန်ပေမယ့် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အပြင် အပိုဝင်ငွေ ကုန်စေပါတယ်။ ထိုကဲ့သို့ အပြင်မှာ ထွက်စားမယ့်အစား၊ အပြင်စာတွေ ဝယ်စားမယ့်အစား ကိုယ့်အိမ်မှာ စိတ်တိုင်းကျ ချက်စားခြင်းက ပိုကောင်းပါတယ်။

ပိုက်ဆံစုပါ

New Years Resolutions That will Make You A Better Man

နှစ် တစ်နှစ် ကုန်သွားတဲ့အခါ ဒီနှစ်အတွက် ပိုက်ဆံဘယ်လောက် စုမိသလဲ ပြန်တွက်ကြည့်ပါ။ ဘယ်လောက်မှ မစုဆောင်းမိဘူးဆိုရင်တော့ ဒီနှစ်က စစုရမယ့်အချိန် ရောက်လာပါပြီ။ ဒီနှစ်မှာ ပိုက်ဆံဘယ်လောက်စုရမယ်ဆိုတဲ့ ဘဏ္ဍာရေးပန်းတိုင်တစ်ခု ချမှတ်ထားကာ သေသေချာချာ စုဆောင်းလိုက်ပါ။

ဗဟုသုတများ ရှာဖွေဆည်းပူးပါ

New Years Resolutions That will Make You A Better Man

ဗဟုသုတအသစ်များ၊ အရည်အချင်းများ တိုးတက်ဖို့ဆိုရင် စာများများ ဖတ်ဖို့လိုအပ်ပါတယ်။ စာဖတ်ခြင်းသည် တီဗွီကြည့်ခြင်း၊ ဖုန်းသုံးခြင်းထက် ပိုမိုအကျိုးရှိပြီး ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ပိုမိုတိုးတက်စေပါတယ်။ စာဖတ်တဲ့နေရာမှာလည်း စိတ်ကူးယဉ်ဝတ္ထုများထက် အတ္ထုပ္ပတိများ၊ ဖြစ်ရပ်မှန်များကို ဖတ်ရှုခြင်းက သင်ခန်းစာပိုမိုရရှိစေပြီး မိမိဘဝအတွက် ပိုမိုအထောက်အကူဖြစ်စေပါလိမ့်မယ်။

Source: Coolmaterial.com

Featured Image Source: Chess.health