အခုတလော ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲလ်မှာ နေရာမရဖြစ်နေတဲ့ ဘေးလ်ကို အင်္ဂလန်ပရီးမီးယားလိဂ် ကလပ် နယူးကာကယ်က ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
Source: Marca
နယူးကာဆယ်အသင်ကို ဆော်ဒီသူဌေးတစ်ဦးကဝယ်ယူထားတာပြီး လက်ရှိပရီးမီးယားလိဂ်မှာ အချမ်းသာဆုံး ကလပ်အသင်းအဖြစ်ရပ်တည်နေပါတယ်။ ဒါကြောင့် နယူးကာဆယ်က ဘေးလဲကို ငွေကြေးအမြောက်အမြားသုံး ခေါ်ယူဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ နောက်ထပ်သတင်းတွေအရ နယူးကာဆယ်အသင်းဟာ နည်းပြသစ်အဖြစ် စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်ဖို့အတွက် ဆွေးနွေးမူတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
Source: The Sun
ရီးရဲလ်မက်ဒရစ်အနေနဲ့ မြင့်မားတဲ့ လုပ်ခလစာတွေပေးနေရပြီး ပုံမှန်အသုံးပြုခြင်းမရှိတဲ့ ဘေးလ်ကိုရောင်းထုတ်ဖွယ်ရှိနေပါတယ်။ ဘေးလ်နဲ့ရီးရဲလ်အသင်းကြားက စာချုပ်ဟာ (၂၀၂၂) ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ကစားသမားကို ထွက်ခွာခွင့် မပေးချင်ဘူးဆိုရင်တော့ လာမယ့် အပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်နိူင်ခြေရှိနေပါတယ်။ ဘေးလ်ကတော့ စာချုပ်သက်တမ်း ပြည့်သည့်အထိ အသင်းမှာဆက်ရှိနေမှာဖြစ်ကြောင်း မကြာခဏပြောဆိုနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက တရုတ်စူပါလိဂ် ကလပ်မှ အသင်းတစ်သင်းက တစ်နှစ်လုပ်ခ ယူရို (၂၅) သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့်လည်း ပြောင်းရွှေ့ခဲ့ခြင်း မရှိခဲ့ပါဘူး။
Source: TalkSport
တကယ်လို့ နယူးကာဆယ်သာ ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခေါ်ယူနိူင်ခဲ့ပါက ဘေးလ် အပြင်အခြားနာမည်ကြီး ကစားသာမားတော်တော်များများကို ဝယ်ယူနိူင်ဖွယ်ရှိနေပါတယ်။ အသင်းပရိသတ်တွေကတော့ ဘာပေးကို ခေါ်ယူစေချင်နေကြပါတယ်။
Source: ElectroDealPro
ဘေလ်းဟာ သူ့အနေနဲ့ ရီးရဲလ်အသင်းကနေ ထွက်ခွင်ဖြစ်ခဲ့ရင် မေဂျာလိဂ်မှာ ကစားဖို့ဖြစ်လာနိူင်တယ်လို့ ပြောဆိုဖူးထားတာရှိပါတယ်။ ဒါပေမယ့် မေဂျာလိဂ်ကလပ်တွေအနေနဲ့ ဘေးလ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေနိူင်ခြင်းမရှိသေးတဲ့ အနေအထားမှာရှိနေပါတယ်။ ဘေးလ်က ရီးရဲလ်မှာ တစ်နှစ်လုပ်ခ ယူရို (၁၅) သန်းခန့် ရရှိနေသူဖြစ်ပါတယ်။ ဒီနှုန်းထားဟာ နယူးကာဆယ်အသင်းအတွက် လက်ရှိအခြေအနေအရ ပေးချေနိူင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် ဘေလ်းအနေနဲ့ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ဖို့ မဖြစ်နိူင်စရာ အကြောင်းမရှိဘူးလို့ ပြောလို့ရပါတယ်။