နယူးကာဆယ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုက ပေါင် သန်း (၃၀၀) နဲ့ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားအသစ်ခေါ်ဖို့ဆိုရင် နှစ်နဲ့ချီပြီး စဉ်းစားနေတဲ့ နယူးကာဆယ်အသင်းရဲ့ အချိန်တွေ ကုန်လွန်သွားပြီလို ယူဆလို့ရမှာပါ။
ဆော်ဒီရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Public Investment Fund (PIF) နယူးကာဆယ်အသင်းရဲ့ ရှယ်ယာပမာဏ (၈၀) ရာခိုင်နှုန်း ကိုဝယ်ယူလိုက်တာကြောင့် အသင်အပေါ် ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမူတွေ လုပ်မယ်လို့ ပရိသတ်တွေက မျှော်မှန်းနေကြတာပါ။
ရှိတ်မန်ဆာက မန်စီးတီးကို ဝယ်ယူလိုက်ပြီးနောက်ပိုင်း အကြီးအကျယ် ပြောင်းလဲမူတွေ လုပ်ခဲ့သလိုမျိုး ယခု နယူးကာဆယ်အသင်းဟာလည်း အလုံးစုံ ပြောင်းလဲသွားတော့မယ်လို့ ပရိသတ်တွေက ထင်နေကြပါတယ်။
Source: Chronicle Live
နယူးကာဆယ်ပရိသတ်တွေ တောင်းဆိုနေတဲ့ ကစားသမားကတော့ PSG တိုက်စစ်မူး ဘာပေးပါတယ်။ ဘာပေးဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ် တစ်ရပ်ချုပ်ဆိုဖို့ကိုလည်း ငြင်းဆန်နေပြီး အသင်းပြောင်းဖို့ စိတ်ဝင်စားနေတဲ့သူပါ။
အဆိုပါ ပြင်သစ်ကြယ်ပွင့်ကစားသမားကိုတော့ ဥရောပကလပ်အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။ ဘာပေးကို ခေါ်ယူနိူင်ဖို့ ရေပန်းအစားဆုံး အသင်းကတော့ ရီးလ်ရဲမက်ဒရစ် ဖြစ်ပြီး ယခု နယူးကာဆယ်လည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ PSG အနေနဲ့ အဆိုပါကစားသမားကို စာချုပ်သစ် အမြန်မချုပ်ဆိုနိူင်ဘူးဆိုရင်တော့ လက်လွှတ်ရဖွယ်ရှိနေပါတယ်။
Source: Sky Sports
ဘားပေရဲ့ တန်ကြေးဟာ ပေါင် သန်း (၂၀၀) ကျော်ရှိနေပြီး ပြောင်းလဲမူတွေ လုပ်ချင်နေတဲ့ နယူးကာဆယ်အသင်း ပိုင်ရှင်သစ် ဘင်ဆယ်လ်မန်အတွက်တော့ မပြောပလောက်တဲ့အနေအထားလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် အသင်းကိုထိရောက်တဲ့ ပြောင်းလဲမူတွေ လုပ်မယ်ဆိုရင် အသင်းအပါ် အမှန်တကယ် အကျိုးပြုနိူင်တဲ့ ကစားသမားကောင်းတွေ အများအပြား ဝယ်ယူရအုံးမှာဖြစ်တာကြောင့် ဘာပေးကို ချက်ခြင်း ခေါ်ယူဖို့ ဖြစ်လာနိူင်မလားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပါ။
Source:GiveMeSport
နယူးကာဆယ်အသင်းနဲ့ဘာပေး တို့ရဲ့အပြောင်းအရွှေ့ ကိစ္စဟာ လာမယ့် အပြောင်းအရွှေ့ဈေးကွက်အတွက် ထိပ်တန်း သတင်းတစ်ပုဒ် ဖြစ်လာမှာပါ။