ဘရာဇီးကြယ်ပွင့် နေမာဟာ ဘာစီလိုနာကိုပြန်လာပြီး မက်စီနဲ့အတူ ဖိအားတွေကို အကောင်းဆုံး ရင်ဆိုင်နိူင်ဖို့ အသင့်ဖြစ်နေပြီလို့ ဘာကာ တိုက်စစ်မူးဟောင်းဖြစ်သူ ရီဗာဒိုက ပြောဆိုခဲ့ပါတယ်။

အဆိုပါ PSG တိုက်စစ်မူးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်တုံးက အသင်းဟောင်း ဘာကာဆီ ပြန်လာဖို့ ဆန္ဒရှိခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အပြောင်းအရွှေ့ ပျက်ပြယ် ခဲ့ရပါတယ်။

Source: Yahoo News

ယခုတဖန် ဘာစီလိုနာက နေမာကိုပြန်လည်ခေါ်ယူဖို့အတွက် သူတို့ရဲ့တိုက်စစ်မူးတစ်ဦးဖြစ်သူ Antoine Griezmann ကိုအလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်း ဝယ်ယူထားတဲ့ ထိပ်တန်းတိုက်စစ်မူးတွေဖြစ်တဲ့ Griezmann နှင့် Ousmane Dembele တို့ဟာ ထင်သလောက်ခြေစွမ်းပြနိူင်ခြင်း မရှိတာကြောင့် အသင်းအနေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

Source: Ronaldo

ဘာစီလိုနာနှင့် သတင်းထွက်နေသော အင်တာတိုက်စစ်မူး Lautaro Martinez ထက် နေမာကို ပိုပြီးဦးစားပေးခေါ်ယူမူ ပြုလုပ်ဖို့ သူကထပ်မံတိုက်တွန်းသွားပါသေးတယ်။

Source: YouTube

နေမာဟာ ဘာစီလိုနာမှာ (၂၀၁၃) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်အထိ (၄) နှစ်ကြာကစားပေးခဲ့ကာ ချန်ပီယံလိဂ်ဖလား၊ လာလီဂါအမှတ်ပေး ချန်ပီယံ (၂) ကြိမ်၊ Copas Del Rey ချန်ပီယံ (၃) ကြိမ်အထိ ရယူပေးနိူင်ခဲ့ပါတယ်။