ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ချန်ပီယံလိဂ်မှာ ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင်ကတည်းက ဒေါ့မွန်ကြယ်ပွင့် အာလင်းဟာလန်းကို လှောင်ပြောင်ဖို့ စီစဉ်ထားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် မာကွင်ဟို့စ်ဟာ ၎င်းရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော် နေမာဟာ ပထမအကျော့က ဂျာမနီမှာ ရှုံးနိမ့်ခဲ့တဲ့ ပထမအကျော့ပွဲစဉ်ပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဒုတိယအကျော့မှာ ဂိုးသွင်းယူပြီးနောက် ဟာလန်းရဲ့ တရားထိုင်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Photo: Mirror

ဟာလန်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ လူမှုကွန်ရက်မှာ ပီအက်စ်ဂျီအသင်းကို လှောင်ပြောင်ခဲ့တယ်လို့ မှားယွင်းစွပ်စွဲခံခဲ့ရတာဖြစ်ပြီး မာကွင်ဟို့စ်က နေမာဟာ ပွဲမတိုင်ခင်ကတည်းက လက်စားချေဖို့ စီစဉ်ထားခဲ့တာလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“သူက အဲဒါကို နှစ်သက်တဲ့သူပါ” “သူက ဘောလုံးသမားတစ်ယောက်ပဲ မဟုတ်ပါဘူး။ သူက ကြောက်ရွံ့တတ်တဲ့သူမဟုတ်ဘဲ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တဲ့သူတွေကို အမြဲတမ်းတုံ့ပြန်တတ်တဲ့သူပါ” “သူ့ရဲ့သွင်းဂိုးကို သွင်းယူပြီးတဲ့နောက်မှာ သူ လက်စားချေမှာလားလို့ ကျွန်တော် မေးခဲ့ပါတယ်” “သူက ကျွန်တော့်ကို သတိပေးခဲ့တယ်။ ကျွန်တော် သူ့ကို ပွဲပြီးတဲ့အထိ စောင့်ဆိုင်းဖို့ ပြောခဲ့တယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို ဒီတိုင်းထားဖို့နဲ့ သူ အဲဒီလိုလုပ်မှာကို မတားဖို့ ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Source : Soccer Laduma

နေမာဟာ ဒေါ့မွန်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သူဖြစ်ပြီး ယခုရာသီမှာ ကျော်ကြားနေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းရဲ့ တရားထိုင်တဲ့ အောင်ပွဲခံဟန်ကို ပုံတူကူးပြီး လှောင်ပြောင်ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။