ဘရာဇီးလ်နိုင်ငံလက်ရွေးစင် တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ နေမာကတော့ လက်ရှိမှာ ဒဏ်ရာသက်သာလာပြီး လေ့ကျင့်မှုတွေ ပြန်လည်လုပ်ဆောင်လာနိုင်ပြီလို့ သိရပါတယ်။ အသက် (၂၇)နှစ်အရွယ်သာ ရှိသေးတဲ့ ကစားသမားနေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀)နဲ့  PSG အသင်းကို ပြောင်းရွေ့ ကစားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နေမာတစ်ယောက် မတော်တဆ ဒဏ်ရာရရှိခဲ့ပြီး PSG အသင်းဖော်တွေနဲ့ ဘောလုံးကစားခြင်းမရှိနိုင်ခဲ့တာ (၂) လကျော်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Source : Boss Hunting

နေမာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၃) ရက်နေ့ စထရာဘိုးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့  ပြင်သစ်ဖလားပွဲတွင် ယခင် ခြေထောက်ဒဏ်ရာဟောင်းကို ပြန်လည်ထိခိုက်မိခဲ့တာကြောင့် ခွဲစိတ်မှုတွေ ပြုလုပ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ အခုလို (၂) လကျော် အနားယူနေခဲ့ပြီးတဲ့နောက်မှာတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဧပြီလ (၃) ရက်နေ့က လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ နေမာဟာ လေ့ကျင့်မှု ပြန်လည်ပြုလုပ်နိုင်ခဲ့ပေမယ့် အသင်း သားတွေနဲ့ အတူတူ ပူးတွဲလေ့ကျင့်နိုင်ခြင်းတော့ မရှိသေးဘူးပဲဖြစ်ပါတယ်။

Source : en.as.com

နေမာအနေနဲ့ လက်ရှိမှာ ကြံ့ခိုင်ရေးနည်းပြနှင့်သာ တစ်ကိုယ်တော် လေ့ကျင့်နေရတာဖြစ်ပါတယ်။ နေမာရဲ့ ခြေထောက် ဒဏ်ရာအခြေအနေဟာ အများကြီး တိုးတက်မှုတွေရှိလာပြီး လာမည့် (၁၅) ရက်အတွင်း PSG အသင်းနှင့်အတူ ပူးပေါင်းလေ့ကျင့်နိုင်ဖွယ်ရှိတယ်လို့ PSG အသင်းတာဝန်ခံတွေက ပြောကြားခဲ့ပါတယ်။ နေမာ အနေနဲ့လည်း ယခုဘောလုံးရာသီမကုန်ဆုံးခင်အချိန်အတွင်း အသင်းမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပြီး ဇွန်လအတွင်း ဘရာဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲအတွက်လည်း ကစားနိုင်ရန်အဆင်သင့်ဖြစ်နေချင်တယ်လို့ ဆိုပါတယ်။

Source : Sportskeeda