ဆေးလိပ်ဖြတ်ချင်စိတ် တကယ်ရှိကြပြီဆိုရင်တော့ ဆေးလိပ်ဖြတ်လို့ရတဲ့ ပီကေလေးအကြောင်း ဝေမျှပေးချင်ပါတယ်။ ဆေးလိပ်ဟာ ကျန်းမာရေးအတွက် အများကြီးထိခိုက်ဆိုးဝါးစေတဲ့အတွက် ဆေးလိပ်ကို တကယ်ဖြတ်ဖို့ စဉ်းစားပြီးပြီဆိုရင်တော့ ဆေးလိပ်ဖြတ်တဲ့ ပီကေကို သုံးကြပါလို့ ညွှန်းချင်ပါတယ်။
ဘယ်လို သုံးရတာလဲ

Source: No1 Ejuice
ဆေးလိပ်အရမ်းသောက်ချင်နေတဲ့ အချိန်မျိုးတွေမှာ အဲဒီဆေးလိပ်ဖြတ်တဲ့ပီကေ Nicotine Chewing Gum လေးကို ဝါးပေးပါ။ သူက ကြာကြာဝါးပေးရပါတယ်။ အရသာပြင်းလာတဲ့အထိ ဖြေးဖြေးချင်းဝါးပေးဖို့ လိုပါတယ်။
ပီကေကို ဘယ်လိုဝါးရမှာလဲ

Source: ka-business.gr
ဆေးလိပ်သောက်ချင်နေချိန်မှာ ပီကေကို အချိန်ကြာကြာ ဖြေးဖြေးချင်း ဝါးနေချိန်မှာ ပီကေကို ပါးစောင်နဲ့ သွားဖုံးဘေးမှာထားထားရပါမယ်။ ပီကေအရသာပြယ်သွားခဲ့ရင်လည်း ဆက်ဝါးနေပါ။ ပီကေအရသာကုန်ပြီး နောက်ထပ် အရသာပြင်းလာတဲ့ထိ အကြိမ်အနည်းငယ် ထပ်ဝါးပေးရပါမယ်။
ဘယ်လောက်ကြာကြာဝါးရမှာလဲ

Source: ak4.picdn.net
ပီကေကို နားလိုက်၊ ဝါးလိုက် အချိန်အတော်ကြာ ဖြေးဖြေးချင်း ဝါးနေပါ။ နာရီဝက်ကြာတဲ့ထိ ဝါးနေမယ်ဆိုရင် ပိုကောင်းပါတယ်။ ပီကေ အရသာကုန်သွားသည့်တိုင်အောင် အချိန်အတော်ကြာကြာ ဝါးနေပေးပါ။
ဂရုတစိုက် စွန့်ပစ်ပါ

Source: static-sls.smf.aws.sanomacloud.net
ပီကေလည်း အရသာကုန်သွားပြီ။ ဆက်လည်း မဝါးချင်တော့ဘူးဆိုရင်တော့ ဝါးပြီးသားပီကေကို ဂရုတစိုက် စွန့်ပစ်ဖို့တော့လိုပါတယ်။ အကောင်းဆုံးကတော့ ပီကေထည့်ထားတဲ့ အိတ်ခွံကိုပြန်ယူပြီး ဝါးပြီးသားပီကေကို ထည့်လိုက်ပါ။ ပြီးရင်တော့ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်နိုင်ပါပြီ။
ဆေးလိပ်ဖြတ်ချိန်အတွင်း အချိန်ဘယ်လောက်ကြာကြာ အသုံးပြုရမှာလဲ

Source: mypillshop.com
ဆေးလိပ်ဖြတ်ဖို့ အတွက် ဒီပီကေကို ဝါးချိန်ဟာ ၈ ပတ်ကနေ ၃လအတွင်း ဖြစ်ပါတယ်။ ၈ပတ်ကနေ ၃လအတွင်း ဆေးလိပ်သောက်သုံးချင် စိတ်ရှိချင်တိုင်း ဝါးပေးနိုင်ပြီး တစ်ရက်ကိုတော့ ၁၀ ခုလောက် ဝါးပေးလို့ရပါတယ်။
