Nike Sneakers တွေကတော့ အထွေအထူး ပြောပြစရာ မလိုအောင်ကို လူကြိုက်များပြီးသားပါ။ Iconic ဖြစ်တဲ့ ဒီဇိုင်း ၊ အံဝင်ဂွင်ကျ ဖြစ်မှု ၊ ပေါ့ပါးလွတ်လပ်ပြီး စီးရတာ သက်တောင့်သက်သာရှိမှု ၊ ခေတ်မီတဲ့ ဆန်းသစ်တီထွင်မှု တွေက Nike ဖိနပ်တွေမှာ တွေ့ရလေ့ရှိတဲ့ ထူးခြားချက်တွေလို့ ပြောရပါမယ်။ Nike ရဲ့ Sneakers တော်တော်များများက ဝတ်ရတာ တော်တော်လေး အထာကျသလို ဈေးနှုန်းကလည်း မနည်းလှပါဘူး။ သေချာတာကတော့ ပေးရတဲ့ဈေးနဲ့ တန်တဲ့ ကွာလတီ ၊ စိတ်ကျေနပ်မှုကို ပြန်ရတာပါ။ ဒီတစ်ခေါက်မှာတော့ Nike Brand ထဲက ဈေးအသင့်အတင့် နဲ့ အထာကျကျ စီးနိုင်မယ့် အမိုက်စား Sneakers တွေကို ပြောပြပေးပါမယ်။
(၁) Air Force 1

Photo : LoveToKnow
၁၉၈၂ ခုနှစ် ကစပြီး ဒီနေ့အချိန်အထိ တစ်စက်လေးမှ လူကြိုက်များနှုန်း ကျမသွားသေးတဲ့ Sneaker တစ်ရံပါ။ Air Force 1 ဖိနပ်ရဲ့ Iconic ဖြစ်တဲ့ All-White Colorway က တော်တော်လေး စွဲမက်စရာကောင်းပြီး ရှင်းသန့်တဲ့ စတိုင်နဲ့ စီးရတာ သက်တောင့်သက်သာ ရှိတဲ့ ခံစားချက်ကို ပေးပါတယ်။
(၂) Court Royale

Photo : Nike
ရိုးရှင်းမှုနဲ့ သက်တောင့်သက်သာ အဖြစ်ဆုံး Sneakers တွေအကြောင်း ပြောရင် Nike ရဲ့ Court Royale ကတော့ မပါမဖြစ်ပါ။ Tennis Shoes ပုံစံ Inspired ယူ ဖန်တီးထားတာ ဖြစ်ပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ သက်တောင့်သက်သာ ရှိမှုက Court Royale ဖိနပ်တွေရဲ့ အဓိက အားသာချက် ဖြစ်ပါတယ်။ ရုံးတက်ကျောင်းတက် ပုံမှန်ထသွားထလာ နေ့တိုင်း ဝတ်လို့အဆင်ပြေတဲ့ Sneaker တစ်ရံဖြစ်ပြီး ကိုယ့်ရဲ့ Style နဲ့ ကိုက်ညီမှုရှိတဲ့ Colorways တွေ ရွေးချယ်စရာ အများကြီး ရှိပါတယ်။
(၃) Revolution Series

Photo : RunRepeat
Nike ရဲ့ (Revolution 5 , Revolution 6) Revolution Series ဖိနပ်တွေကတော့ ခေတ်မီနည်းပညာတွေကို အသုံးပြုပေးထားပြီး ဈေးအသင့်အတင့် နဲ့ ဝတ်နိုင်အောင် ဖန်တီးထုတ်လုပ် ထားတာပါ။ လေဝင်လေထွက် ကောင်းတဲ့ Mesh Upper ဒီဇိုင်းနဲ့ အိစက်ပျော့ပျောင်းတဲ့ Foam Midsole ကို ထည့်ပေးထားတဲ့အတွက် ဝတ်ရတာ တော်တော်လေးကို သက်တောင့်သက်သာ ရှိပါတယ်။ Running ပဲလုပ်မလား ၊ Gym မှာပဲ ဝတ်မလား အဆင်ပြေသလို Daily Wear အနေနဲ့ပါ ဝတ်လို့ကောင်းတဲ့ Sneaker တစ်ရံ ဖြစ်ပါတယ်။
(၄) Downshift

Photo : RunRepeat
Running သီးသန့်ထဲက ဈေးအသင့်အတင့် နဲ့ စီးလို့ကောင်းတဲ့ ဖိနပ်မျိုး ရှာနေရင်တော့ Downshift ဖိနပ်တွေက ရွေးချယ်စရာ တစ်ခုပါပဲ။ ဖိနပ်ရဲ့ အလေးချိန်က တော်တော်လေး ပေါ့ပါးပြီး လေဝင်လေထွက် ကောင်းတဲ့အတွက် On Feet ဖီလင်က တော်တော်ကြီး မိုက်တယ်ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။ အိစက်ညက်ညောမှုနဲ့ သက်တောင့်သက်သာရှိမှုကို ပေါင်းစပ်ဖန်တီးထားပြီး အကြမ်းပတမ်း ခံနိုင်ရည်ရှိတဲ့ ကုန်ကြမ်းတွေနဲ့ ထုတ်ထားတဲ့အတွက် တစ်ရံဝယ်ပြီးတာရင် မုန်းလောက်အောင်ကို စီးနိုင်မှာ ဖြစ်ပါတယ်။
(၅) Picante

Photo : Premier
Nike ထဲက ဒီဇိုင်းခပ်မိုက်မိုက်နဲ့ Street Style ဘက်သွားတဲ့ Low-Top Sneaker လို့ပြောရင် Picante ဖိနပ်တွေကို ပထမဆုံး ပြေးမြင်မိမှာပါ။ လူငယ်ဆန်တဲ့ ခေတ်ပေါ်ဒီဇိုင်းကာလာကို အသုံးပြု ဖန်တီးထားပြီး အရောင်ပေါင်းစပ်မှုက တော်တော်လေး အထာကျတဲ့ Sneaker တစ်ရံပါ။ Casual Outing အနေနဲ့ ရွေးချယ်ဝတ်မယ်ဆို လုံးဝအဆင်ပြေမှာ ဖြစ်ပြီး ခေတ်ပေါ် Streetwear ဖက်ရှင်တွေနဲ့ လိုက်ဖက်မှုရှိရှိ ၊ အထာကျကျ ဝတ်နိုင်မှာ ဖြစ်ပါတယ်။
Source : magicpin
Featured Photo : GQ
