No Nut November (NNN) ဆိုတာ နိုဝင်ဘာလထဲ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေဖြစ်တဲ့ တစ်ကိုယ်ရည် အသာဖြေခြင်း ၊ ချစ်တင်းနှောခြင်း စတာတွေကို လုံးဝရှောင်ရှားပြီး တစ်လလုံး သုတ်မလွှတ်ပဲ နေနိုင်လားဆိုတာ စိန်ခေါ်ရတဲ့ Challenge ဖြစ်ပါတယ်။ NNNchallenge ဟာ ၂၀၁၁ ခုနှစ်လောက်က စပြီး  ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ပေါ်မှာ စတင်ပေါ်ပေါက် လာခဲ့တာပါ။

No Nut November
Photo : LADbible

ယောကျာ်းလေးတွေ ကြားမှာတော့ ဒီ Movement က တော်တော်လေး ရေပန်းစား လူသိများပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးများတဲ့ စိန်ခေါ်မှုတစ်ခုလို့ လက်ခံထားကြပါတယ်။ No Nut November စိန်ခေါ်မှုက တကယ်ပဲ အကျိုးများစေတာလား ? ဘယ်လိုကောင်းကျိုးတွေ ရစေနိုင်မလဲဆိုတာ ဆက်လေ့လာ ကြည့်ရအောင်ပါ။

NNN Challenge ကနေ ရရှိနိုင်တဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ

No Nut November စိန်ခေါ်မှုကနေ ကွီးတို့ ရရှိနိုင်တဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကတော့……….

  • ကြွက်သား ကြီးထွားသန်မာခြင်း
  • သက်လုံ တက်လာခြင်း
  • ဆံပင်သန်မာထူထဲလာခြင်း
  • သုတ်ပိုးအရည်အသွေး မြှင့်တင်ပေးခြင်း
  • စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု ကျဆင်းစေခြင်း
  • အာရုံစူးစိုက်မှု ကောင်းစေခြင်း
  • မိမိကိုယ်ကို ထိန်းချုပ်မှု တိုးတက်စေခြင်း
  • လိင်စိတ်ဆန္ဒ တိုးပွားခြင်း
  • ပန်းသေပန်းညိုး ပြဿနာဖြစ်နိုင်ခြေ လျှော့ကျစေခြင်း

စတဲ့ ကောင်းကျိုးတွေ ရစေနိုင်ပြီး အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း ပမဏကို တိုးမြင့်စေဖို့ ကူညီပေးပါတယ်။

No Nut November
Photo : New York Post

ရက်ပေါင်း ၃၀ ဝန်းကျင် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို အနားပေးလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ဟော်မုန်းပမာဏကို ပြန်လည်ညီမျှလာစေပြီး စွမ်းအင်သိသိသာသာ တိုးတက်လာကို ခံစားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ ခန္ဓာကိုယ်ကို သူ့အလိုလို Repair ဖြစ်စေတဲ့ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။

တစ်ကိုယ်ရည် အသာဖြေခြင်း ၊ ချစ်တင်းနှောခြင်း အပါအဝင် သုတ်လွှတ်ခြင်းကို လုံးဝအနားပေး လိုက်ခြင်းအားဖြင့် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် အာရုံထားမိနေတဲ့ အလေ့အကျင့်ကို ဟန်ချက်ညီညီ ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း Self-control
တိုးတက်လာစေမှာ ဖြစ်သလို နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် အာရုံစူးစိုက်မှု အပြည့်နဲ့လုပ်ဆောင် လာနိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော No Nut November (NNN) Challenge မှာ ပါဝင်ဖြစ်ပါသလား ?

ဘယ်လို အကျိုးကျေးဇူးတွေ ရလဲဆိုတာ ကွန်းမန့်မှာ ဝေမျှပေးခဲ့ပါဦး။

Source : Oxford Online Pharmacy UK 

Featured Photo : Indy100