အချိန်ဆွဲတဲ့အကျင့်ကို ကျော်လွှားနိုင်မယ်ဆိုပါက အောင်မြင်တဲ့လမ်းကြောင်းမှာရှိတဲ့ အတားအဆီးကြီးတစ်ခုကို ကျော်ဖြတ်နိုင်တာနဲ့ တူတူပါပဲ။ အချိန်ဆွဲခြင်းဟာ သင့်ကိုစိတ်ဖိစီးစေသလို အရေးကြီးတဲ့အလုပ်တွေကိုလည်း မပြီးမြောက်ဘဲ ကျန်ရှိနေစေပါတယ်။ ဒီနေ့ kwee page က အချိန်ဆွဲတက်တဲ့ အကျင့်ကို ကျော်ဖြတ်ဖို့အတွက် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။
ကြီးမားတဲ့ အလုပ်တာဝန်တွေကို ခွဲထုတ်ပါ

Source: College Info Geek
တစ်ခါတစ်လေ ဘယ်ကနေစလုပ်ရမှန်းမသိဖြစ်စေတဲ့ ကြီးမားတဲ့အလုပ်တာဝန်တွေ ရှိတက်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ဒီကြီးမားတဲ့အလုပ် တာဝန်ကို အလုပ်တာဝန်ငယ်လေးတွေဖြစ်အောင် အပိုင်းပိုင်းခွဲထုတ်လိုက်ပါ။ တစ်ဆင့်ချင်းစီကို တစ်ခါတည်း အပြီးလုပ်နိုင်မယ့် “Mini Task” အလုပ်တာဝန်ငယ်ဖြစ်အောင် ပြုလုပ်ပါ။
(၂) မိနစ်စည်းမျဉ်း

Source: lemongrad
(၂) မိနစ်စည်းမျဉ်းကို စမ်းပြီး အသုံးပြုကြည့်ပါ။ အီးမေးလ်စစ်တာ၊ ပန်ကန်ဆေးတာ စသဖြင့် ((၂) မိနစ်အတွင်းပြီးနိုင်မယ့် အလုပ်လေးတွေကို လုပ်ကြည့်ပါ။ ဒီနည်းက အချိန်ဆွဲတာကို ကျော်ဖြတ်ဖို့အတွက် လမ်းစပါပဲ။
အချိန်အပိုင်းအခြားနဲ့ လုပ်ဆောင်ပါ

Source: Medium
ကိုယ့်မှာ လုပ်ရမယ့်အလုပ်တွေ ရှိနေရင် ထိုင်ပြီးအာရုံစူးစိုက် လုပ်နိုင်ဖို့လိုအပ်ပါတယ်။ တစ်ခါတည်း အလုပ်တွေ အကုန်ပြီးအောင်လုပ်ဖို့ကြိုးစားမယ့်အစား အချိန်ပိုင်းခြားပြီး တစ်ခုချင်းပြီးနိုင်အောင် လုပ်ဖို့ကြိုးစားပါ။ အရေးကြီးတဲ့ အလုပ်တွေကို အာရုံစိုက်ဖို့အတွက် (၂၅) မိနစ် (သို့) မိနစ် (၃၀) ခန့် အချိန်ပေးပါ။ အချိန်စေ့သွားတဲ့အခါ ခဏလောက် နားလိုက်ပါ။ လုပ်ငန်းတာဝန်တွေ ပြီးမြောက်ဖို့အတွက် အချိန်တွေ ကျန်ပါသေးတယ်ဆိုပြီး စောင့်ဆိုင်းနေတာထက် အချိန် အပိုင်းအခြားလေးတွေနဲ့ အလုပ်လုပ်ခြင်းဟာ ပိုမိုထိရောက်မှု ရှိစေပါတယ်။
အလုပ်အတွက် မသုံးရရင် ဖုန်းကို Airplane Mode (သို့) Silent လုပ်ထားပါ

Source: TechCrunch
အဆင့်မြင့်နည်းပညာတွေက ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို များစွာအနှောင့်အယှက် ပေးနေတတ်ပါတယ်။ Facebook လို Social media တွေကို ဖုန်းထဲမှာ ကြည့်နေရင်း ကိုယ့်ရဲ့ အရေးကြီး တာဝန်တွေကို ဘေးဖယ်ထားမိ တတ်ကြပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ လုပ်ငန်းတာဝန်တွေကို အာရုံစိုက် လုပ်ဆောင်ပြီး ပြီးမြောက်နိုင်ဖို့အတွက် မိုဘိုင်းဖုန်းကို Airplane Mode (သို့) Silent လုပ်ထားပြီး သိမ်းထားခြင်းက ပိုကောင်းပါတယ်။
