အခုခေတ်လူငယ်တွေ တော်တော်များများ ညဘက်စောစောအိပ်တဲ့ အကျင့်ပျောက်ကုန်ကြပါပြီ။ ဟိုးအရင်ခေတ်တွေတုန်းကဆိုရင် လျှပ်စစ်မီး၊ ဖုန်း၊ တီဗီတွေမရှိသေးတာကြောင့် ညမှောင်တာနဲ့ အိပ်တက်ကြပြီး မနက်စောစောထတဲ့ အလေ့အကျင့်တွေရှိခဲ့ကြတယ်။ ဒါ့ကြောင့် အရင်ခေတ်ကလူတွေ ကျန်းမာသန်စွမ်းခဲ့ကြတာနေမှာပါ။ ဒီဘက်ခတ်လူငယ်တွေ တော်တော်များများ ညဘက် အိမ်မှာရုပ်ရှင်ကြည့်၊ ဂိမ်းဆော့၊ အင်တာနက်သုံး၊ night out ထွက်တာတွေကြောင့် အိပ်ချိန်တွေပုံမှန်မရှိကြတော့ဘူး။

ဒီလို အိပ်ချိန်မလုံလောက်တာတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတက်ပါတယ်။ ညကကောင်းကောင်းအိပ်မပျော်ခဲ့ရတဲ့အခါ နောက်တစ်နေ့ကျ အလုပ်မှာဘာမှမလုပ်နိုင်တော့ဘူး။ ဒီနေ့ kwee page ကညဘက်အိပ်ရေးပျက်ထားရင် နောက်တစ်နေ့မှာ ဘာတွေလုပ်ပေးရမလဲဆိုတာတွေကို ပြောပြပေးသွားမှာပါ။

အချိန်ပိုပြီးမအိပ်ပါနဲ့

Source: Healthline

ညဘက်အိပ်ရေးပျက်ထားပါက နောက်တစ်နေ့ နေ့လည်အထိ အိပ်တာမျိုးမလုပ်ပါနဲ့။ ဒီလိုဆိုရင် အိပ်ရေးမဝလို့ ခေါင်းမူးတာတွေကို ပိုပြီးဆိုးရွားစေပါတယ်။ အိပ်ရာ ဝင်ချိန်၊အိပ်ချိန်နဲ့ အိပ်ရာထချိန်တွေက နေ့တိုင်း အချိန်မှန်နေသင့်ပါတယ်။ တစ်ညလောက်အိပ်ရေးပျက်ထားရင် နောက်နေ့တွေမှာ အိပ်ချိန်မှန်အောင် ပြန်ထိန်းပေးရပါမယ်။

ရေများများသောက်ပေးပါ

Source: Times of India

အိပ်ရေးပျက်ထားရင် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ရေဓာတ်မလုံလောက်တဲ့အခါ မူးတာ၊ မောပန်းအားကုန်တာ၊ အာရုံစိုက်မရတာတွေ ဖြစ်လာစေနိုင်တယ်လေ။

အရက် ဘီယာမသောက်ပါနဲ့

Source: Best Gluten Free Beers

မူးပြီးအိပ်သွားမယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာမျိုးမဟုတ်ဘဲ နာရီအနည်းငယ်ကြာတိုင်း ပြန်ပြန်နိုးလာပါလိမ့်မယ်။ အကြာကြီးအိပ်ပြီးပြန်နိုးလာတဲ့အခါ ခေါင်းတွေကိုက်နေမှာပါ။

ကဖင်းတွေအများကြီးမသောက်ပါနဲ့

Source: Consumer Affairs

တစ်ချို့တွေက အိပ်ရေးပျက်ထားရင် လန်းသွားအောင်ဆိုပြီး ကော်ဖီတွေ ချည်းသောက်နေတက်ပါတယ်။ ရုံးကိုရောက်ရင် ကော်ဖီလေးတစ်ခွက်က ခေါင်းကြည်စေတယ်၊ လန်းဆန်းစေတယ်ဆိုပေမယ့် ခဏပါပဲ။ များသွားရင်တော့ စိတ်ပိုဆတ်လာမယ်၊ ခေါင်းပါကိုက်လာပါလိမ့်မယ်။ ကဖင်းသောက်သုံးမှုများသွားတဲ့အခါ နောက်ညတွေပါ ကောင်းကောင်းအိပ်မပျော်နိုင်တော့ ပါဘူး။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

Source: Men’s Health

ညနေပိုင်းလောက်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ညဘက်မှာကောင်းကောင်းအိပ်ပျော်စေပါတယ်။ လမ်းလျှောက်တာ၊ အိမ်အလုပ်လေးတွေ ကူလုပ်ပေးတာ စသဖြင့် ကိုယ်လက်လှုပ်ရှားမှုလေးရှိနေပါစေ။