အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်တွင်းမှာ ပုံမှန်ထက် အဆီဓာတ်များလွန်းနေတဲ့ သွင်ပြင်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ ခန္ဓာကိုယ်ပိုင်းထိခိုက်စေရုံသာမက တခြားသော ရောဂါများ ဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချို နှင့် သွေးထိုးခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။
အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲ ရောဂါပြသာနာတွေ အများကြီးဖြစ်လာနိူင်ပါတယ်။ ဥပမာ သွေးတိုးခြင်း၊ ဆီးချိုသွေးချို နှင့် နှလုံးရောဂါတွေကတော့ ထင်ရှားတဲ့ ရောဂါတွေပဲဖြစ်ပါတယ်။ တခြား အဆစ်ရောင်ခြင်း၊ အသက်ရှူထုတ်ချိန်တွင် မောခြင်း၊ အိပ်ရင်း အသက်ရှူမဝခြင်း၊ နှင့် ပင်ပန်းနွမ်းနယ်ခြင်းတွေကို လည်းဖြစ်စေနိူင်ပါတယ်။
Source: Center for Health Journalism
အထက်မှာဖော်ပြထားတဲ့ အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အဝလွန်ခြင်းက ကယ်လိုရီတွေ အများကြီး စုပ်ယူခြင်းကြောင့် ဖြစ်ရပါတယ်။ တချို့လူတွေမှာ တော့ မျိုးရိုးဗီဇကြောင့်၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက် တို့ကြောင့် လဲ ဖြစ်နိုင်ပါတယ်။
အဝလွန်ခြင်းကို ဖြစ်စေနိူင်တဲ့ အကြောင်းအရာများ
- မျိုးရိုးဗီဇ
- မိသားစု နေထိုင်မှု ပုံစံ
- မကောင်းးသော စားသောက်တတ်တဲ့ အကျင့်
- အအိပ်နည်းခြင်း
- သောက်သုံးနေရတဲ့ဆေးဝါးများ
- အသက်အရွယ်
- လူမှု နှင့် စီးပွားရေး ပြသနာများ
- ကျန်းမာရေး ပြသနာများ
အထက်ပါကိစ္စတွေကြောင့် မဟုတ်ပဲနဲ့လည်း အဝလွန်ခြင်း ဖြစ်နိူင်ပါသေးတယ်။
အဝလွန်ခြင်း ကို ဘယ်လိုကုသမလဲ
အစားလျှော့စားတာ (သို့) အချိန်အဆဖြင့်စားတာ၊ လေ့ကျင့်ခန်းလုပ်ပေးတာ တွေအပြင် ခွဲစိတ်ကုသတာတွေ ပါပြုလုပ်နိူင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကတော့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဆေးတွေမသောက်ကြဖို့တော့ အကြံပေးပါရစေ။ ဘာလို့လဲဆိုတော့ တချို့ဆေးတွေက ကိူယ်အလေးချိန်ကျအောင် လုပ်ပေးနိူင်သော်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိလို့ပါပဲ။ တကယ်လို့ သောက်မှ အဆင်ပြေမယ်ဆိုရင်လည်း ဆရာဝန်တွေနဲ့တိုင်ပင်ပြီး အညွှန်းအတိုင်းသောက်ဖို့ အကြံပေးပါရစေ။
Source: Healthline
တက်ကြွတဲ့ လူနေမှု ဘဝပုံစံ ဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာတဲ့ စားသောက်မှု ပုံစံကို ပြုကျင့်နိုင်မှ သာကိုယ်အလေးချိန်ကျပြီး ကျန်းမာလာနိုင်ပါတယ်။ ဆရာဝန်နှင့် အစားအသောက်ကျွမ်းကျင်တွေနဲ့ ပူးပေါင်းပြီး သင့်အတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏ ကို တွက်ချက်စားသောက်ခြင်းဖြင့် ကိုယ်အလေးချိန်ကျလာပြီး ကျန်းမာရေးလဲ ပိုကောင်းလာနိုင်ပါတယ်။
Source: Dherbs
စိတ်ဖိစီးပြီး အစားတွေ နင်းကန်မစားမိအောင် လည်း ထိန်းဖို့လိုအပ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမူကို လျှော့ချပေးတဲ့ ယောဂလေ့ကျင့်ခန်းနှင့် တရားထိုင်ခြင်းနည်းလမ်းတွေကို လေ့ကျင့်ထားသင့်ပါတယ်။