လူတိုင်းနီးပါးမှာ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ တစ်ချို့အိပ်မက်တွေက ဈေးကြီးကြတယ်။ တော်ရုံ အကောင်အထည်ဖော်ဖို့ မလွယ်ကူပါဘူး။ အတားအဆီးတွေ အတိုက်အခိုက်တွေ အများကြီး ကြုံရတက်ပါတယ်။ ဒီနေ့ kwee page က အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အချိန်မှာ ကြုံတွေ့ရနိုင်တဲ့ အတားအဆီးတွေအကြောင်း မျှဝေပေးသွားမှာပါ။

အကူအညီ (သို့) အခွင့်အလမ်းကို စောင့်နေခြင်း

Source: Tiny Buddha

သင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် တခြားလူရဲ့အကူအညီ ရယူဖို့စောင့်နေတာ (သို့) အခွင့်အလမ်းကြုံမှာကို စောင့်နေမယ်ဆိုရင်တော့ အိပ်မက်ပန်းတိုင်ဆီ ရောက်ဖို့မလွယ်ကူလှပါဘူး။ အခွင့်အလမ်းဆိုတာ စောင့်ကြိုပြီးနေနေတာထက် ကိုယ်တိုင်ဖန်တီးယူရတာပါ။ ပြီးတော့ သင့်ကို ကူညီမယ့်လူက တွေ့ချင်မှလည်းတွေ့နိုင်တာပါ။

ဒါ့ကြောင့် တခြားလူရဲ့အကူအညီတွေကို စောင့်နေမယ့်အစား ကိုယ့်ရဲ့ အိပ်မက်ကို ပုံမှန်အကောင်အထည် ဖော်ဖို့ကြိုးစားပါ။ သင့်အိပ်မက်က ဈေးကြီးတယ်ဆိုရင်တော့ တခြားလူတွေထက် ပိုပြီး ကြိုးစားရပါမယ်။ တစ်နေ့တစ်လှမ်းခြင်း လှမ်းသွားလိုက်ပါ။ အိပ်မက်က တဖြည်းဖြည်းနီးလာပါလိမ့်မယ်။

အဆိပ်လိုလူစားများ

Source: Corporate Training Options

အိပ်မက်ကို အကောင်အထည်ဖော်တဲ့အချိန်မှာ အဆိပ်လိုလူစားတွေကို သေချာပေါက် တွေ့ရပါလိမ့်မယ်။ ဒီလိုလူတွေက သင့်အိပ်မက်အကောင်အထည်ဖော်ရာတွင် အားပေးစကားတွေပြောရမယ့်အစား စိတ်ပျက်အားလျှော့စေတဲ့ စကားတွေကိုပဲ ပြောတက်သူတွေပါ။ သင်ကသူ့တို့ထက် သာသွားမှာမလိုချင်ကြတဲ့ စိတ်ဓာတ်တွေ ဒီလိုလူမျိုးတွေမှာ ရှိနေတက်ကြတယ်။

ဒါ့ကြောင့် သင်တခုခုလုပ်မယ်လို့ ကြံရွယ်လိုက်တိုင်း “မဖြစ်နိုင်ဘူး၊ ဒုက္ခရောက်လိမ့်မယ်” စတဲ့ စကားတွေကိုသာ ပြောလေ့ရှိကြတယ်။ အကယ်၍ သူတို့ကိုယ်တိုင် ကြုံးဖူးတဲ့ အကြောင်းအရာတွေကို စေတနာဖြင့် ပြောပြနေရင်တော့ နားထောင်ပေးလိုက်ပါ။ နောက်ကျမှ သင်ကိုယ်တိုင် ဖြစ်နိူင်၏ မဖြစ်နိူင်၏ ကိုဆုံးဖြတ်ရမှာပါ။ ဒီလိုမှမဟုတ်ဘဲ သူတို့ကိုယ်တိုင်လည်း မယ်မယ်ရရ ဘာမှအကောင်အထည် မဖော်ဘူးဘဲ စိုးရိမ်စိတ်နဲ့ ဆန့်ကျင်ဘက်စကားတွေ ပြောနေတယ်ဆိုရင်တော့ ဒီလိုလူတွေကို ဝေးဝေးရှောင်ဖို့လိုပါတယ်။

အိပ်မက်ကို အကောင်အထည်မဖော်ခြင်း

Source: Sensi Seeds

အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် စိတ်နှစ်ပြီး အားသွန်ခွန်စိုက် ကြိုးစားရမှာပါ။ ဒီလိုမှမဟုတ်ဘဲ အိပ်မက်သာရှိပြီး အားထုတ်ကြိုးပမ်းမူ မရှိပါက ခရီးတွင်မှာမဟုတ်ပါဘူး။ လူးတိုင်းမှာ စိတ်ကူးတွေ၊ အကြံဉာဏ်သစ်တွေ ရှိတက်ကြပါတယ်။ စိတ်ကူးထဲမှာ အိပ်မက်တွေကို အကောင်အထည်ဖော်ရတာဟာ အင်မတန်မှ လွယ်ကူလှပါတယ်။ ဒါပေမဲ့ ဒီစိတ်ကူးကို အကောင်အထည်ဖော်ပြီး ကိုယ့်ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် ဘာပဲ ဖြစ်ဖြစ်ဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေဖို့ အလွန်အရေးကြီးပါတယ်။