သူငယ်ချင်းအချင်းချင်းအချိန်တွေကြာလာတဲ့အခါသံယောဇဉ်တွေပိုမိုကြီးထွားကာ ချစ်သူတွေဖြစ်သွားကြတဲ့သူတွေအများကြီးရှိပါတယ်။ဒီနေ့မှာတော့ ကိုယ် အနေနဲ့ သူငယ်ချင်းအဆင့်ကနေတက်ချင်ပေမယ့် သူမဘက်ကရော သူငယ်ချင်းအဆင့်ကနေ တက်ချင်ရဲ့လားဆိုတာသိနိုင်မယ့် လျို့ဝှက်အထာလေးတွေကိုပြောပြပေးချင်ပါတယ်။

Young smiling man and cheerful woman holding hands at table with glasses of wine in restaurant

Source : Freepik

မျက်လုံးအကြည့်တွေကတစ်ခုနဲ့တစ်ခု သိပ်မကွာဘူးထင်ရပေမယ့်လည်း သူငယ်ချင်းအပေါ်ကြည့်တဲ့အကြည့်တဲ့ အချစ်ရဲ့ အငွေ့အသက်တွေပါနေတဲ့ အကြည့်ကထင်ထင်ရှားရှားကွဲပြားနေမှာဖြစ်ပါတယ်။ကိုယ်နဲ့ ရုတ်တရက်အကြည့်ချင်းဆုံမိတဲ့အခါ ရှက်ကိုးရှက်ကမ်းနဲ့ချက်ချင်းအကြည့်လွဲသွားမျိုး လုပ်မိလုပ်ရာတွေလျောက်လုပ်မိတာမျိုး စကားတွေအယောင်ယောင်အမှားမှားပြောနေတာမျိုးဆိုရင်တော့ သေချာပါတယ်သူမ သင့်အပေါ်မှာခံစားချက်တွေရှိနေလို့ပါပဲ။

သူငယ်ချင်းတွေတော်တော်များများအဖွဲ့လိုက်ပဲ သွားကြလာ ကြစားကြသောက်ကြနေကြတာပါ။ဒီလိုမှမဟုတ်ပဲ အကြောင်းအမျိုးမျိုးပြပြီး သင့်နဲ့နှစ်ယောက်တည်း သွားလာဖို့ပြောလာမယ်ဆိုရင်တော့ အခြေအနေတော်တော်ကောင်းလာပါပြီ။ဥပမာ နှစ်ယောက်တည်းရုပ်ရှင်သွားကြည့်မျိုး သူမသွားချင်တဲ့နေရာတစ်ခုခုကိုအဖော်လိုက်ခဲ့ခိုင်းတာမျိုး စားချင်တာလိုက်ကျွေးခိုင်းတာမျိုး ဒီလိုအမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ သင့်နဲ့ အတူတူနှစ်ယောက်တည်းဒိတ်ချင်တယ်ဆိုရင်တော့ သင့်ဘက်က ဖွင့်ပြောဖို့သာသတ္တိမွေးလိုက်ပါ။

မိန်းကလေးအများစုကမှီခိုစရာပခုံးတစ်ဖက်ကိုလိုအပ်နေသူတွေဖြစ်ပါတယ်။ဒါပေမယ့်ဒီလိုမှီခိုစရာ ပခုံးတစ်ဖက်ကလည်းသူတို့တကယ်ချစ်တဲ့သူတွေမှသာ လိုချင်ကြတာပါ။ဒါကြောင့် သူမအနေနဲ့ သင့်ကိုအဆင်မပြေမှုတွေ အခက်ခဲတွေကို ပြောပြလာမယ်။သင့်စီကနှစ်သိမ့်မှုတွေ ဖေးမအားပေးမှုတွေကိုကြားချင်လာမယ်ဆိုရင်တော့ သင့်ကိုသူငယ်ချင်းတစ်ယောက်ထက် ပိုပြီး တွယ်တာလာပြီဆိုတာ သတိထားမိဖို့လိုပါမယ်။

Couple browsing smartphones on date

Source : Freepik

သူငယ်ချင်းတွေဆိုတော်ရုံစိတ်ကောက်လေ့မရှိပါဘူး။အခန့် မသင့်လို့စကားများရန်ဖြစ်ကြရုံကလွဲလို့ပေါ့။ဒီလိုမှမဟုတ်ပဲ တစ်ခုခုဆိုစိတ်ဆိုးမယ် စိတ်ကောက်မယ်။ တခြားကောင်မလေးတွေနဲ့အရောတဝင်နေတာမကြိုက်ဘူး။ Facebook ပေါ်မှာ Love React ပေးတာကအစ မကြိုက်တဲ့အမူအရာတွေ လုပ်ပြမယ်။သဝန်တိုမယ်စသည်ဖြင့် လုပ်လာပြီဆိုရင်တော့ သင်ကို အချစ်တွေပိုနေပြီလိုယူဆလို့ရပါတယ်။မိန်းကလေးတွေက သူတို့သဘောကျတဲ့သူတွေကိုသာ စိတ်ဆိုးစိတ်ကောက်တာ သဝန်တိုတာမျိုးတွေလုပ်ကြတာမလို့ပါ။

ဆိုရှယ်မီဒီယာတွေမှာဖြစ်စေ ဖုန်းနဲ့ဖြစ်စေ အချိန်တိုင်းစကားတွေပြောနေတဲ့သူငယ်ချင်းတွေဆိုတာရှားပါတယ်။ပြောရင်လည်းသူငယ်ချင်းတွေအားလုံးရှိတဲ့ Group Chat တွေမှာသာ သူငယ်ချင်းတွေအကုန်လုံးနဲ့စုပြီး အာလူးဖုတ်ချင်ဖုတ်မှာပါ။ ဒီလိုမှမဟုတ်ပဲ သူနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း Persinal Chat Box ကနေ စကားတွေပြောမယ် မရှိရှိရာအကြောင်းအရာတွေရှာကြံပြီးပြောမယ် နောက်ဆုံးသီချင်းတွေဆိုပြခိုင်းမယ်ဆိုရင်တော့ သေချာပြီးသင်ကိုချစ်နေပြီဆိုတာပါပဲ။