ရေကန်တွေ အင်းအိုင်တွေက ဒီနေ့ခေတ်မှာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်နေပါပြီ။ တစ်ချို့တွေက ငံတယ်၊ တစ်ချို့တွေက သန့်တယ် တစ်ချို့တွေကကြီးပြီး တစ်ချို့တွေက သေးကြတယ် တစ်ချို့ ရေကန်တွေ အင်းအိုင်တွေဟာ ထူးခြားတဲ့သွင်ပြင်တွေရှိကြပါတယ်။ ဒီလိုထူးခြားတဲ့ သွင်ပြင်တွေကပဲ လူတွေကို ပိုပြီးဆွဲဆောင်မှုရှိစေတာပါ။ ဒီနေ့ ကမ္ဘာ့အထူးဆန်းဆုံး ရေကန်တွေအကြောင်း ပြောပြပေးသွားမှာပါ။
(၁) Boiling Lake ခေါ်ပွတ်ပွတ်ဆူနေတဲ့ ရေကန်ကြီး (ဒိုမီနီကာ နိုင်ငံ)

Source: Amusing Planet
ဒိုမီနီကာနိုင်ငံက ခေါ်ပွတ်ပွတ်ဆူနေတဲ့ ရေကန်ကြီးမှာတော့ ရေသွားကူးဖို့ အကြံမပေးချင်ပါဘူး။ ရေကန်ထဲကရေတွေက ဘယ်လောက်ထိပူသလဲဆိုရင် ပွတ်ပွတ်ဆူတဲ့အထိပါပဲ။ ရေကန်အလယ်မှာထက်စာရင်ရေကန်အစပ်နားတွေက အပူလျှော့ပါတယ်။ ဒါပေမယ့် အပူချိန်က (၈၀-၉၀) ဒီဂရီစင်တီဂရိတ်ကြားမှာရှိပါတယ်။ ရေကန်အလယ်ရဲ့ အပူချိန်ကတော့ တိုင်းတာလို့ မရနိုင်ပါဘူး။ ဒီရေကန်ကြီးက မီးတောင်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရေကန်ကြီးဖြစ်ပါတယ်။
(၂) Laguna Colorada – လဂူနာ ကိုလိုရာဒါ (ဘိုလီဗီးယား နိုင်ငံ)

Source: Wikimedia-Commons
ဒီထူးဆန်းတဲ့ လဂူနာ ကိုလိုရာဒါ ရေကန်ဟာ ဘိုလီဗီးယား နိုင်ငံမှာတည်ရှိပြီးတော့ ရေကန်တစ်ကန်လုံး သွေးနီရောင်လွှမ်းနေပါတယ်။ ဒါက ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။
(၃) Lake Baikal

Source: Live Science
ကမ္ဘာ့ သက်တမ်းအရင့်ဆုံးနဲ့ အနက်ရှိုင်းဆုံးရေကန်ဖြစ်တဲ့ Lake Baikal ဟာ ရုရှားနိုင်ငံမှာ တည်ရှိပါတယ်။ ရေကန်ကြီးရဲ့ သက်တမ်းက နှစ်ပေါင်း ၂၅ သန်းလောက် ရှိနေပါပြီတဲ့။ ကမ္ဘာပေါ်က ရေကောင်းရေသန့်တွေရဲ့ ၂၀% ဟာ ဒီရေကန်ကြီးမှာ တည်ရှိနေပါတယ်။ ကန်ထဲမှာရှိတဲ့ ဇီဝမျိုးစိတ်ပေါင်း ၁၇၀၀ ကျော်အနက် သုံးပုံနှစ်ပုံဟာ ကမ္ဘာပေါ်က အခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့မျိုးစိတ်တွေဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ Lake Baikal ကို ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် ကြေညာခဲ့ပါတယ်။
(၄) Plitvice Lakes

Source: www.fallinglakes.com
ခရိုအေးရှားမှာ ရှိတဲ့ Plitvice Lakes ဟာ ရေတံခွန်တွေနဲ့ ဂူတွေကို ဆက်သွယ်ထားတဲ့ ရေကန်ဖြစ်ပါတယ်။ Plitvice Lakes သဘာဝဥယျာဉ်ထဲမှာ ရှိပါတယ်။ ကမ္ဘာပေါ်က အလှဆုံးရေကန်လို့တောင် တင်စားကြတဲ့အထိကို လှပါနေတာပါ။ ရေကန် ၁၆ ခုဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားကြပါတယ်။
(၅) ပင်လယ်သေ (Dead Sea)

Source: KimKim
ကမ္ဘာပေါ်က ရေကန်တွေထဲမှာ ဆားဓာတ်အများဆုံးပါဝင်ပြီးအနက်ရှိုင်းဆုံးကန်လည်း ဖြစ်ပါတယ်။ ဘယ်တိရိစ္ဆာန်မှ ရှင်သန်လို့မရတဲ့ကန်ပါ။ ပင်လယ်သေထဲဆင်းလိုက်ရင် လူက ရေပေါ်မှာ ပေါလောပေါ်နေပါတယ်။ ရေကူးဖို့လည်း ခက်ခဲပါတယ်။
