ကျောင်းပြီး ဘွဲ့ရလို့ လုပ်ငန်းခွင်တွေ ဝင်တဲ့အခါ ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံကို အရင်ကထက် ပိုပြီး အလေးထားဖို့လိုအပ်လာပါပြီ။ ကျောင်းတုန်းကလိုမျိုး တွေ့ကရာအင်္ကျီတွေ ကောက်စွပ်သွားလို့မရတော့ဘဲ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းရှိတဲ့ အဝတ်အစားမျိုးကိုသာ ဝတ်စားဆင်ယင်သင့်ပါတယ်။
မင်းသားရှုံးရလောက်အောင် ဝတ်စားဆင်ယင်စရာမလိုပါဘူး။ သပ်ရပ်ကျော့ရှင်းပြီး စမတ်ကျရင်ပဲ လုံလောက်ပါပြီ။ ဒါမှသာ လုပ်ဖော်ကိုင်ဖက်များအကြား၊ Customer နှင့် အထက်လူကြီးတွေရှေ့မှာ မျက်နှာပွင့်လန်းနေရမှာဖြစ်ပါတယ်။
ရုံးသွား ရုံးတက်ဖက်ရှင်အတွက် အခြေခံလိုအပ်ချက်ကတော့ စတိုင်လ်ဘောင်းဘီနှင့် တီရှပ်အင်္ကျီတစ်ထည်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ထပ်ကွန့်မြူးချင်တယ်ဆိုရင်တော့ အပေါ်ဝတ်အင်္ကျီ (သို့) နက်ခ်တိုင် စတာတွေကို ထပ်မံပေါင်းထည့်နိုင်ပါတယ်။
ရုံးတက်ရုံးဆင်းအချိန်မှာ ကိုယ့်ရဲ့ဖက်ရှင်ကို ဘယ်လိုစမတ်ကျအောင် ဝတ်ဆင်နိုင်မလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။
Source: Pinterest.com