တစ်ကြိမ် Download ဆွဲထားရုံနဲ့ အင်တာနက် ချိတ်ဆက်မှုမရှိလည်း အချိန်မရွေး ဆော့လို့ရမယ့် အမိုက်စား Offline ဂိမ်းတွေ ရှာနေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက် ဖြစ်ပါတယ်။ မိုဘိုင်းလ်ဂိမ်းချစ်သူ ကွီးတို့အတွက် အင်တာနက်မလိုပဲ Offline ဆော့လို့ရမယ့် ပေါ့ပေါ့ပါးပါး အလန်းစား Android ဂိမ်း ၅ ခုအကြောင်း ပြောပြပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) The Way Home

Source : Concode

ဒီဂိမ်းလေးကတော့ ဆော့ရတာ အရမ်းကိုလွယ်ကူရိုးရှင်းပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Players တွေအနေနဲ့ ထူးဆန်းတဲ့ ကျွန်းတစ်ခုပေါ်မှာ ပိတ်မိနေတဲ့ ဇာတ်ကောင် နေရာကနေ ဆော့ကစားရမှာပါ။ ဂိမ်းရဲ့ နာမည်လေးအတိုင်းပဲ ကျွန်းပေါ်ကနေ အိမ်ပြန်လမ်းကိုရှာဖွေ သွားရမှာ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာလိုအပ်တဲ့ ပစ္စည်းတွေကို လိုက်လံစုဆောင်းရင်း Monsters တွေနဲ့လည်း တိုက်ခိုက်ရဦးမှာ ဖြစ်ပါတယ်။ Google Play Rating : 4.7 ရရှိထားပြီး အခမဲ့ ဆော့ကစားနိုင်မယ့် Offline ဂိမ်း တစ်ခု ဖြစ်ပါတယ်။

(၂) Whatcraft

Source : Erow Dev | Game Development | Unity

ဒီဂိမ်းကတော့ Minecraft နဲ့ ဆင်တူပါတယ်။ ပစ္စည်းတွေ စုဆောင်းတာ ၊ လက်နက်တွေဖန်တီးတာနဲ့ ရန်သူတွေနဲ့ တိုက်ခိုက်တာ စတဲ့လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ 2D အက်ရှင် ဂိမ်း တစ်ခုဖြစ်ပါတယ်။ Minecraft ထက်ပိုပြီး ရိုးရှင်းလွယ်ကူစွာ ကစားလို့ရမယ့် ပေါ့ပေါ့ပါးပါး ပျော်စရာ Offline ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ Google Play Rating : 4.1 ရရှိထားပြီး အခမဲ့ Download ရယူကစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Hex

Source : Infinity Games

ဒီဂိမ်းကတော့ အရာဝတ္ထု ပုံသဏ္ဍာန်တစ်ခု ဖန်တီးဖို့ အပိုင်းအစတွေကို အစီအစဉ်တကျ ပြန်ဆက်ပေးရမယ့် လွယ်ကူရိုးရှင်းတဲ့ Puzzle ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ပေးထားတဲ့ အရာဝတ္ထုအပိုင်းအစတွေကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း လှည့်ပေးရမှာ ဖြစ်ပါတယ်။ ဂိမ်း ကစားတဲ့အခါ အေးအေးဆေးဆေး စိတ်လက်ပေါ့ပါးစွာ ဆော့ကစားရတာ ကြိုက်တဲ့သူတွေအတွက် ဒီဂိမ်းလေးက လုံးဝကွက်တိကျစေမှာပါ။ Google Play Rating : 4.7 ရရှိထားတဲ့ Offline ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၄) I Love Hue Too

Source : Zutgames

ဒီဂိမ်းကတော့ အရောင်တွေနဲ့ ဆော့ကစားရမယ့် Chromatic Puzzle ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အစီအစဉ်တကျမရှိတဲ့ ဘလော့တုံးတွေကို ကိုက်ညီတဲ့အရောင်တွေအလိုက် ပြန်ဆက်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုရှုပ်ထွေးလာပြီး အဆင့်ပေါင်း ရာနဲ့ချီ ကျော်ဖြတ်ကစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက Google Play Rating : 4.8 ရရှိပြီး အခမဲ့ Download ရယူကစားနိုင်မယ့် အမိုက်စား Offline ဂိမ်း ဖြစ်ပါတယ်။

(၅) Pirate Outlaws

Source : Fabled Game

ဒီဂိမ်းကတော့ ပျော်စရာကောင်းတဲ့ Card-Based အက်ရှင်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဂိမ်း ပုံစံက တော်တော်လေး ထူးခြားတယ်လို့ ပြောရမှာပါ။ Players တွေအနေနဲ့ ပေးထားတဲ့ တိုက်ခိုက်ရေးကတ်တွေကို အသုံးပြုပြီး တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု စွမ်းရည်တွေဟာ ကိုယ်ရရှိတဲ့ ကတ်တွေပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ ဒီဂိမ်းက Google Play Rating : 4.5 ရရှိထားပြီး Download Cost အနေနဲ့ကတော့ ကနဦး ၀.၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : Steam