ဂိမ်းဆော့တဲ့အခါ Online ဂိမ်းမျိုးမဟုတ်ဘဲ ဒေတာဖိုး ချွေတာချင်တဲ့ကွီးတို့အတွက် Offline ဆော့ကစားနိုင်တဲ့ အမိုက်စား မိုဘိုင်းလ်ဂိမ်း များရှိပါတယ်။ ဒီဂိမ်းလေးတွေ ဆော့ကစားရင်း ကွီးတို့ ခံစားနေရတဲ့ စိတ်ညစ်စရာများ စိတ်ဖိစီးစရာများကို ဖြေဖျောက်နိုင်ပါတယ်။
Sniper Zombie 2

ဒီဂိမ်းလေးကတော့ ဇူလိုင် ၁၇ ရက်နေ့ကမှ ထွက်ရှိထားတဲ့ အသစ်ဆုံး Offline မိုဘိုင်းလ်ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။ 3D ပုံရိပ်များသည် ထိုဂိမ်းထဲသို့ အမှန်တကယ်ရောက်ရှိနေသည့်အလား ခံစားရစေမှာ ဖြစ်ပါတယ်။
Cover Fire

အပစ်အခတ်ဂိမ်းမျိုး ဆော့ကစားရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် Cover Fire ဆိုတဲ့ ဂိမ်းလေးရှိပါတယ်။ အဆင့်ပေါင်းများစွာကို ဖြတ်ကျော်ကာ စိတ်လိုလက်ရ ဆော့ကစားနိုင်တဲ့ အမိုက်စား ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဇွန်ဘီများနှင့် အခြားသော မသေနိုင်တဲ့ မွန်းစတားတွေကို ရင်ဆိုင်ရတာဖြစ်တဲ့အတွက်ကြောင့် တစ်မျိုးတစ်မည် စိတ်လှုပ်ရှားစရာကောင်းနေမှာ အမှန်ပါပဲ။
Mini Militia

ဒီဂိမ်းလေးက 3D တော့မဟုတ်ပေမယ့် သူ့အမျိုးအစားနဲ့သူတော့ ဆော့လို့ကောင်းပါတယ်။ တစ်ယောက်တည်း ဆိုလိုကစားမယ်ဆိုရင်တော့ Offline ဆော့ကစားနိုင်တဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပါ။ ဒါပေမဲ့ ကွီးတို့သည် ဘော်ဒါတွေနဲ့အတူတူ ဆော့ကစားမယ်ဆိုရင်တော့ အွန်လိုင်းပြန်ချိတ်ဖို့လိုအပ်ပါတယ်။
Heroes Strike

ခရီးတွေ ဘာတွေထွက်ရင်း အင်တာနက် မကောင်းတဲ့နေရာတွေ ရောက်သွားခဲ့သည်ရှိသော် ဒီလိုဂိမ်းမျိုး ဆော့ကစားရင်း ပျင်းရိငြီးငွေ့မှုကို ဖယ်ရှားနိုင်ပါတယ်။ ဂိမ်းရဲ့ Graphics ပိုင်းကလည်း အမိုက်စားဖြစ်တဲ့အတွက်ကြောင့် ဆော့ရတာ အမိုက်စားဖြစ်နေမှာပါ။
Into The Dead 2

ဒီဂိမ်းလေးကတော့ Into The Dead ရဲ့ PikPok ဂိမ်းလေး လူကြိုက်များပြီးတဲ့နောက်မှာ အသစ်ထပ်မံတီထွင်ဖန်တီးထားတဲ့ ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ Offline ဆော့ကစားနိုင်တဲ့ မိုဘိုင်းလ်ဂိမ်း လေးဖြစ်ပြီး တကယ်လို့ ဆုတံဆိပ်တွေကို ရယူချင်တယ်ဆိုရင်တော့ အွန်လိုင်းနဲ့ ခဏတဖြုတ် ပြန်ချိတ်ထားဖို့ လိုပါလိမ့်မယ်။
Cookies Must Die

ကွတ်ကီးကုမ္ပဏီတစ်ခုသည် မိုးကြိုးပစ်ခံရပြီးတဲ့နောက်မှာ သူတို့ရဲ့ကွတ်ကီးစက်ကြီးသည် မကောင်းဆိုးဝါး ကွတ်ကီးများကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ ထိုမကောင်းဆိုးဝါးကွတ်ကီးများမှာ ခြေတွေ လက်တွေ ပါဝင်ပြီး လူလို သေနတ်တွေလည်း ကိုင်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ထိုကွတ်ကီးများကို နှိမ်နင်းဖို့အတွက် သိပ္ပံပညာရှင်တစ်ယောက်သည် စူပါလူသားကို ဖန်တီးရမှာဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ Level အဆင့်ဆင့်ကို ဖြတ်ကျော်ကာ ထိုကွတ်ကီးများကို နှိမ်နင်းရမှာပဲ ဖြစ်ပါတယ်။
Swamp Attack

တကယ့်ကို စိတ်ဝင်စားစရာကောင်းပြီး အကောင်ပလောင်များစွာနဲ့ ပေါ့ပေါ့ပါးပါး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ အမိုက်စားလက်နက်များ၊ မိုလိုတော့ဗ်များ၊ လေးနှင့် မြှား အစရှိတဲ့ လက်နက်မျိုးစုံကို ဆော့ကစားသူ စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
Can You Escape The 100 Room? XIII

စုံထောက်ဝါသနာအိုးတွေအတွက် မျက်စိလျင်လျင်ထားပြီး ဆော့ကစားရမယ့် ဂိမ်းလေးတစ်ခုကို ဆက်လက်ဝေမျှပေးချင်ပါတယ်။ ဒီဂိမ်းလေးရဲ့ နာမည်ကတော့ Can You Escape The 100 Room? XIII ပဲဖြစ်ပါတယ်။ တိမ်မြှုပ်နေတဲ့ ပစ္စည်းများကို အချိန်တိုအတွင်း မြန်မြန်ရှာဖွေရမယ့် ဂိမ်းတစ်ခုပါ။
Walking Zombie 2

မြို့တစ်မြို့မှာ ဇွန်ဘီဗိုင်းရပ်စ်တွေ ပြန့်ပွားလာရာကနေ လူသားတွေသည် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားကြတဲ့ပုံစံဖြင့် ဂိမ်းရဲ့ဇာတ်လမ်းကို အစပြုထားပါတယ်။ ထိုဇွန်ဘီများကို လက်နက်များဖြင့် ပစ်ခတ်ကာ သုတ်သင်ရှင်းလင်းရမယ့် မစ်ရှင်ဖြစ်ပါတယ်။
Source: Mirageportal
Featured Image: Bicycling
