လာမယ့် ဇွန်လ (၁၆) ရက်နေ့မှာ ကျင်းပယှဉ်ပြိုင်သွားမယ့် ယူနီဆက်ဖ်ရန်ပုံငွေပွဲကို ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါ ရန်ပုံငွေပွဲကိုတော့ ချယ်လ်ဆီးအသင်းရဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ရန်ပုံငွေပွဲမှာ ယှဉ်ပြိုင်မယ့် အသင်းတွေကတော့ England XI အသင်း နဲ့ World XI အသင်းတို့ဖြစ်ပြီး ပါဝင်ကြမယ့် ဂန္တဝင်ကစားသမားတွေကတော့ ချယ်လ်ဆီးကစားသမားဟောင်းများဖြစ်တဲ့ ဂျိုးကိုးလ်နှင့် ဒရော့ဘာတို့ပဲဖြစ်ပါတယ်။

Source : World Soccer Talk

ထပ်မံပြီး ချယ်လ်ဆီးနောက်ခံကစားသမားဟောင်း ကာဗယ်လ်ဟို နဲ့ ကမ္ဘာကျော်အပြေးချန်ပီယံ  ယူစိန်ဘော့ တို့လည်း ပါဝင်ကစားမှာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါရန်ပုံငွေပွဲမှာ ယှဉ်ပြိုင်မယ့် England XI အသင်းကို နည်းပြ ဆမ်အလာဒိုက်စ်က တာဝန်ယူကိုင်တွယ် သွားမှာဖြစ်ပြီး World XI အသင်းကိုတော့ ပီယာ့စ်မော်ဂန်နှင့် ဟယ်ရီရက်နက်ပ်တို့က နည်းပြများအဖြစ် ပူးတွဲတာဝန်ယူသွားမယ်လို့သိရပါတယ်။ လက်ရှိအသက် (၃၇)နှစ် အရွှယ်ဂန္တဝင်ကစားသမား ဂျိုးကိုးလ်ကတော့ England XI အသင်းကနေ ပါဝင်ကစားသွားမှာဖြစ်ပြီး အသက် (၄၁)နှစ်အရွှယ် ဒရော့ဘာကတော့ World XI အသင်းကနေ ကစားသွားမှာဖြစ်ပါတယ်။

Source : FourFourTwo

အဆိုပါ ရန်ပုံပွဲမှရရှိလာမယ့် ငွေများအားလုံးကို ကမ္ဘာတစ်ဝှမ်းမှ အကူအညီလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် ပြန်လည်အသုံးပြုသွားမယ်လို့သိရပါတယ်။ ဒီပွဲအတွက် တစ်ကမ္ဘာလုံးက ချယ်လ်ဆီး ပရိသတ်တွေ အားလုံးအရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး ပွဲမှာပါဝင်မယ့် ချယ်လ်ဆီးကစားသမားဟောင်းတွေအနေနဲ့လည်း တော်တော်လေး ရင်ခုန်နေကြမယ်ထင်ပါတယ်။ ဂျိုးကိုးလ်ကတော့ ” စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းထဲ ပြန်ခြေချရမှာ အရမ်းစိတ်လှုပ်ရှားနေပြီး အရင်ကအတူတူကစားခဲ့ကြတဲ့ အသင်းဖော်ဟောင်းတွေနဲ့လည်း ပြန်လည်ကစားခွင့်ရမှာကြောင့် ပိုပြီး ရင်ခုန်နေတယ်” လို့ ဆိုပါတယ်။

Source : The Pride of London