Negroni ဒါမှမဟုတ် Manhattan တို့လို Dry ကော့လ်တေး တွေ ကြိုက်နှစ်သက်တယ်ဆိုရင် Rye Whiskey ဝီစကီနဲ့ ဖျော်စပ်တဲ့ Old Pal ကော့လ်တေးကို မြည်းစမ်းကြည့်သင့်ပါတယ်။ အချို့က Old Pal ကော့လ်တေးဟာ Negroni ကော့လ်တေးကို အနည်းငယ် ထပ်ကွန့်ထားတဲ့ ကော့လ်တေးတစ်ခွက်လို့ ပြောကြပေမယ့်လည်း တကယ်တော့ Boulevardier ကော့လ်တေးနဲ့ ပိုပြီး နီးစပ်ပါတယ်။
Photo : A Couple Cooks
Negroni ရော Boulevardier ကော့လ်တေး ၂ မျိုးစလုံးက ၁၉၂၀ ခုနှစ်ကာလတွေဆီမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ Negroni ကို ဂျင် ၊ အနီရောင် Vermouth ၊ Campari တို့နဲ့ ရောစပ်ဖျော်ထားပြီး Boulevardier ကိုတော့ Whiskey ဝီစကီ ၊ အနီရောင် Vermouth နဲ့ Campari တို့ ရောစပ်ဖျော်ထားပါတယ်။ အခု Old Pal ကော့လ်တေးဟာဆိုရင်လည်း Rye Whiskey ဝီစကီ ၊ Dry Vermouth ၊ Campari စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးနဲ့သာ အဓိကဖျော်စပ်ပါတယ်။ Rye Whiskey ဝီစကီအစား Bourbon Whiskey ဝီစကီကိုလည်း အသုံးပြုလို့ရပါတယ်။
Photo : A Couple Cooks
ဖျော်စပ်နည်းကတော့ နှစ်သက်ရာ ကော့လ်တေးဖန်ခွက်ထဲမှာ Whiskey ဝီစကီ ၁ အောင်စခွဲ ၊ Dry Vermouth ၁ အောင်စ ၊ Campari ၁ အောင်စ တို့ကို ရေခဲလက်တဆုပ်စာခန့် ရောထည့်ပြီး စက္ကန့် ၃၀ လောက် အဆက်မပြတ် မွှေပေးရပါမယ်။ ပြီးရင်တော့ သံပုယိုသီးအခွံ တစ်စိပ်ခန့်ကို အရည်ညှစ်ထည့်ပြီး အခွံကို ဖန်ခွက်မှာ အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ လွယ်ကူရိုးရှင်း ချိုပြင်းမွှေး Old Pal ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : Wine Enthusiast Magazine