“အသက်အရွယ်က အရေးမကြီးဘူး” ဒီစကားက ကိုယ်ချစ်တဲ့သူနဲ့တွေ့တဲ့သူတိုင်း ပြောနေကြစကားပါ။ ဒါပေမယ့် တကယ်က အရေးကြီးပါတယ်။ ယနေ့ခေတ်မှာ  လူ့သက်တမ်းက တဖြည်းဖြည်း တိုလာနေပါပြီ။ ဒါပေမယ့် ကမ္ဘာမြေကြီးပေါ်မှာ အချိန်အကြာ ကြီးအသက်ရှင်နေနိူင်တဲ့ အရာတွေ ရှိနေပါသေးတယ်။

အသက် ရာကျော်နေနိူင်တဲ့ လိပ်တွေ၊ ငါမန်းတွေ၊ ဆင်တွေ ကမ္ဘာပေါ်မှာ ရှိနေကြတုံးပါ။ ဒီနေ့တော့ နှစ်ပေါင်း ရာထောင်ချီ အသက်ရှင်နေကြသေးတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံးဆိုတဲ့ သစ်ပင်တွေကို ဗဟုသုတ အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

နာမည် – Methuselah

အတည်ပြုပြီး အသက် – (၄၈၄၉) နှစ်

မျိုးစိတ် – Great Basin bristlecone pine

နေရာ – အင်ညို ကောင်တီ၊ ကယ်လီဖိုးနီးယား

နာမည် – Gran Abuelo

အတည်ပြုပြီး အသက် – (၃၆၄၆) နှစ်

မျိုးစိတ် – Patagonian cypress

နေရာ – Cordillera Pelada, Los Ríos

နာမည် – Oliveira do Mouchão

အတည်ပြုပြီး အသက် – (၃၃၅၀) နှစ်

မျိုးစိတ် – European olive tree

နေရာ – Mouriscas, Abrantes Portugal

နာမည် – The President

အတည်ပြုပြီး အသက် – (၃၂၀၀) နှစ်

မျိုးစိတ် – Giant sequoia

နေရာ – Sierra Nevada, California

နာမည် – CB-90-11

အတည်ပြုပြီး အသက် – (၂၄၆၀) နှစ်

မျိုးစိတ် – Rocky Mountain Bristlecone Pine

နေရာ – ကော်လိုရာဒို အလယ်ပိုင်း

နာမည် – Jaya Sri Maha Bodhi

အတည်ပြုပြီး အသက် – (၂၃၀၂) နှစ်

မျိုးစိတ် – Sacred fig

နေရာ – Anuradhapura, North Central Province, Sri Lanka

နာမည် – Bennett Juniper

အတည်ပြုပြီး အသက် – (၂၂၀၀) နှစ်

မျိုးစိတ် – Western Juniper

နေရာ – Sierra Nevada, California

နာမည် – SHP 7

အတည်ပြုပြီး အသက် – (၂၁၁၀) နှစ်

မျိုးစိတ် – Foxtail Pine

နေရာ – Sierra Nevada California

နာမည် – မရှိ

အတည်ပြုပြီး အသက် – (၁၉၄၄) နှစ်

မျိုးစိတ် – Subalpine Larch

နေရာ – Kananaskis, Alberta, Canada

နာမည် – မရှိ

အတည်ပြုပြီး အသက် – (၁၈၀၆) နှစ်

မျိုးစိတ် – Sugi

နေရာ – Yakushima Island ရာကူဆီမာ ကျွန်း၊ ဂျပန်

အပေါ်က ဖော်ပြခဲ့သော သစ်ပင်များဟာ လက်ရှိ အသက်ရှင်နေဆဲ ကမ္ဘာ့အသက်အကြီးဆုံး သစ်ပင်တွေဖြစ်ပါတယ်။ သစ်ပင်တွေရဲ့သက်တမ်းကို သစ်ပင်အကွင်း ကိုကြည့်ပြီး သေချာစွာအတည်ပြုပေးထားတာပါ။

အပေါ်ကစာရင်းတွေထဲမှာ Jaya Sri Maha Bodhi ညောင်ပင်ဟာ လူတွေစိုက်ပျိုးထားခဲ့သော သက်တမ်းအရှည်ဆုံး သစ်ပင်ဖြစ်ပါတယ်။ ဒီညောင်ပင်ကို (၂၈၈) ဘီစီလောက်မှာ စိုက်ပျိုးခဲ့ကြတယ်လို့ ခန့်မှန်းထားကြပါတယ်။

Source: 10 most today