မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမဆုံး ပြန်ကစားတဲ့ပွဲစဉ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဂ်ဘာတို့ ၂ ဦးစလုံးဟာ ဒဏ်ရာကနေ ပြန်ကောင်းလာကာစဖြစ်တဲ့အတွက် ရုန်းကန်ရမှာဖြစ်ပေမယ့်လည်း အချို့အခန်းကဏ္ဍတွေမှာ ပါဝင်ကစားပေးလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ရာသီကို သောကြာနေ့ည မြောက်လန်ဒန်မှာ ပြန်လည်စတင်ရတော့မှာဖြစ်ပြီး ကာလရှည်ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဂ်ဘာတို့ ၂ ဦးလည်း ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

Photo: Daily Express

ဆိုးလ်ရှားက ကစားသမား ၂ ဦးစလုံးဟာ ကြံ့ခိုင်မှုပြည့်ဝပြီး ကစားနိုင်နေပြီလို့ ပြောကြားခဲ့ပေမယ့် မိနစ်ဘယ်လောက်ကြာကြာ ကစားပေးနိုင်မှာလဲဆိုတဲ့ မေးခွန်းက ရှိနေပြီး နောက်ခံကစားသမား ၂ ဦးမပါဝင်ဘဲ စပါးအသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ လွဲချော်ကောင်းလွဲချော်မယ့် ကစားသမား ၂ ဦးရှိပါတယ်။ ဖီးလ်ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ ဒီပွဲကို လွဲချော်မှာဖြစ်ပြီး ပွဲထွက်ကစားသမားနေရာကို လွဲချော်မှာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ ဒဏ်ရာဘယ်လောက်ဆိုးလဲ ကြည့်ကြတာပေါ့”

Source : The42

“သူတို့ကလွဲပြီး ကျန်တဲ့အသင်းသားတွေအားလုံးက ရွေးချယ်ခဲ့မယ်ဆိုရင် ကြံ့ခိုင်မှုပြည့်ဝပြီး ကစားပေးနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ ဟုတ်တာပေါ့၊ မားကပ်စ်နဲ့ ပေါလ်တို့က အချိန်အကြာကြီး နားနေခဲ့ရတာပါ။ ဒါပေမယ့် သူတို့တွေ ကစားပေးနိုင်နေပါပြီ။ ဘယ်လောက်ကြာကြာ သူတို့ ကစားမှာလဲဆိုတာကို ကြည့်ကြရအောင်”လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။