မန်ချက်စတာယူနိက်တက်ကို အိပ်မက်ဆိုးတွေကနေ ခဏတာ ကယ်တင်ပေးထားနိုင်သူ အိုးထရဒ်ဖို့ရဲ့ Super Sub ဆိုးရှားကတော့ အသင်းဟောင်းမိုဒီနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။

Source: Skysports

နော်ဝေးကလပ် မိုဒီအသင်းအနေနဲ့ ဆိုးရှားမော်ရင်ညိုနေရာအစားမထိုးခင် နှစ်ပတ်အလိုက ဆိုးရှားနဲ့ သုံးနှစ်ကြာစာချုပ်ရေးထိုးဖို့ သဘောတူထားတာလည်းဖြစ်ပါတယ်။ခုအချိန်မှာတော့ အဲ့သဘောတူထားတဲ့သတင်းကို အသင်း ဝက်ဆိုဒ်ကနေ ဖြုတ်ချလိုက်ပြီပဲဖြစ်ပါတယ်။

Source: Skysports

ဆိုးရှားကတော့ နော်ဝေးအသင်းကိုပြန်မလာဆိုတဲ့ မေးခွန်းကိုတော့ “ကျွန်တော့်စိတ်ထင် ကျွန်တော်ဒီမှာပဲ စာချုပ်သစ်
တစ်ခု ထပ်ချုပ်ဖို့မျှော်လင့်ပါတယ်” လို့ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဆိုးရှားအနေနဲ့လည်း မန်ယူအသင်းမှာ အံအားသင့်ဖွယ်ရာတွေများစွာကို လုပ်ပြနိုင်နေတာဖြစ်ပြီး ယိုင်နဲ့နေတဲ့ အသင်းကို အကောင်းဆုံးထိန်းကျောင်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းကြောင်းပေါ်ကို ပြန်ပြီးတင်ပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

Source: Skysports

ဆိုးရှားအနေနဲ့ မိုဒီကိုပဲပြန်မလား..ကမ္ဘာ့တစ်ဝန်းက ယူနိုက်တတ်ပရိသတ်တွေမြင်ချင်နေတဲ့ မန်ယူနည်းပြနေရာကိုပဲ ဆက်လက်ကိုင်စွဲသွားမလားဆိုကို ကျွန်တော်တို့စောင့်ကြည့်ရမယ်ဗျာ။