မန်ချက်စတာယူနိုက်တက်က ယမန့်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ Wolves အသင်းနဲ့ FA ဖလားပွဲစဉ်မှာ (၂) ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ သရဲနီတွေအတွက် Molineux မှာသာတဲ့လကတော့ အခြေအနေမကောင်းခဲ့ပါဘူး။

Source: Skysports

ဒါဟာ ဆိုးရှားလက်ထက် နှစ်ပွဲဆက်ရှုံးနိမ်ခဲ့ခြင်းဖြစ်ပါတယ်။ မော်ရင်ညိုနေရာကို ဆိုးရှားပြန်လည်ကိုင်တွယ်ပြီး ဒီဇင်ဘာလထဲက ဒီအခိုက်တန့်တွေက အဆိုးရွားဆုံးပါ။ ပွဲ (၂၀) ကျော်လောက်မှာ သုံးပွဲသားရှုံးနိမ့်ထားတဲ့ဆိုးရှားက အာဆင်နယ်ကို အရေးနိမ့်ပြီးတော့ ၀ံပုလွေတွေကိုပါ လက်မြှောက်ခဲ့ရတာဖြစ်ပါတယ်။ ” ဒါဟာ အဆိုးရွားဆုံး ကစားပုံတစ်ခုပါ” လို့ ဆိုးရှားက BBC ကိုပြောကြားခဲ့ပါတယ်။ “ဘောလုံးကို ခြေထောက်ထဲမှာ ကိုင်ထားရင် ဖြေးဖြေးနှေးနှေးလေးစတယ်၊ ဒါပေမဲ့ ကစားပုံကတော့ မတောက်ပ ၊ အကျိုးမသက်ရောက်ခဲ့ပါဘူး။ တကယ်စိတ်ပျက်စရာကောင်းပါတယ်”

Source: Skysports

ပွဲစဉ်တွင်းမှာလည်း ဒီဂီယာနေရာအစားထိုးဝင်ရောက်လာတဲ့ ရိုမီယိုလက်စွမ်းပြနေခဲ့လိုသာ ယူနိုက်တက်တို့ ဂိုးမပြတ်ခဲ့တာပါ။ ဒဏ်ရာကနေနာလန်ထူလာတဲ့ကစာသမားများဖြစ်တဲ့ လင်ဂတ်၊ မာရှယ်၊ မာတစ်၊ ဟာရဲယားတို့ကလည်း ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပြီး၊ ရက်ဖို့နဲ့ ပေါ့ဘာကလည်း ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့တာပါ။

Source: Skysports

(2) ဂိုးပြတ်နဲ့ ရှုံးနိမ့်နေပြီး ခြေပဂိုးကိုတော့ ရက်ဖို့က (95) မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြိုင်ဘက်ကစားသမားတွေရဲ့ တန်ပြန်တိုက်စစ်ကို အလူးအလဲခံခဲ့ရတာပါ။ “ဒါဟာ နောက်ပြန်ဆွဲတဲ့နေ့တစ်နေ့ပါလို့” စိတ်ပျက်စွာပြောဆိုခဲ့တာဖြစ်ပါတယ်။

Source: Skysports

မန်ယူအသင်းအနေနဲ့ FA ဖလားက နှုတ်ထွက်ခဲ့ရပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာတို့နဲ့ စစ်မျက်နှာဖွင့်ရင်ဆိုင်ရဦးမှာပါ။ ဆိုးရှားတစ်ယောက်ဘာတွေလုပ်ပြသွားဦးမလဲ?