ပြီးခဲ့တဲ့ အာဆင်နယ်- မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပြည်တွင်းလိဂ်ပွဲစဉ်မှာတော့ယူနိုက်တက်ဟာ အာဆင်နယ်အသင်းကို (၂) ဂိုးဂိုးမရှိဆိုတဲ့ ရလာဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ဆိုးရှားကိုင်တွယ်ပြီးချိန်ကစပြီး ပထမဆုံး ပြည်တွင်းလိဂ်ဖလားရှုံးပွဲလည်းဖြစ်ပါတယ်။ ဆိုးရှားက ဘာပြောခဲ့သလဲ?

Source: Skysports

အသက် (၄၆) နှစ်ရှိပြီဖြစ်တဲ့ ဆိုးရှားကတော့ “ကျတော်တို့တွေ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ ဒီညအတွက် စိတ်ပျက်စရာကောင်းခဲ့ပါတယ်” ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိရှုံးပွဲကြောင့်မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာအတွက်လည်း တိုက်ပွဲတွေဝင်ရတော့မှာဖြစ်ပါတယ်။

Source: Skysports

အတိတ်တွေတုန်းက အာဆင်နယ်အသင်းရဲ့ စံချိန်တွေကို မန်ယူအသင်းက ရပ်တန့်နိုင်ခဲ့သလို ဆိုးရှားရဲ့ ရှုံးပွဲမရှိတဲ့ စံချိန်ကိုလည်း အူးနိုင်းက ရပ်တန့်သွားခဲ့တာပါ။ ယူနိုက်တက်အနေနဲ့လည်း ပွဲပန်းနေခဲ့ပေမယ့်လည်း တိုက်စစ် ဂိုးသွင်းခွင့်တွေအလုံအလောက်ရခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေရဲ့ လွဲချော်မှုတွေကြောင့်တော့အနိုင်ရလဒ်နဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

Source: Skysports

ရင်ခုန်စိတ်လှုပ်ရှားမှုတွေ အပြည့်ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဆိုတဲ့ ထုံးစံအတိုင်း နောက်ဆုံးအချိန်ထိ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲရှည်ဆင်နွဲရအုံးမှာပါ။ နှစ်ဖက်ပရိသတ်တွေကြားမှာလည်း အချင်းများမှုတွေဖြစ်ခဲ့ပြီး တော်တော်လေးကို မြိုင်ဆိုင်ပြည့်စုံခဲ့တဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်။ ဆိုးရှားရဲ့ မန်ယူ ချန်ပီယံလိဂ်ဝင်ခွင့်Comeback ကို ပြန်လာနိုင်အုံးမလား?