ဆွဲဆောင်မှုရှိပြီး ငယ်ရွယ်လှပတဲ့ Olivia Rodrigo ဟာ အမေရိကန် တေးရေးဆရာ၊ အဆိုတော်နဲ့ မင်းသမီးဖြစ်ပါတယ်။ သူမကို ဖေဖော်ဝါရီ ၂၀ ၊၂၀၀၃ မှာမွေးဖွားခဲ့ပါတယ်။ Olivia Rodrigo ဟာ Disney ရုပ်မြင်သံကြားအစီအစဉ် Bizaardvark နှင့် High School Musical: The Musical: The Series များဖြင့် ၂၀၁၀ ခုနှစ်နှောင်းပိုင်းတွင် အသိအမှတ်ပြုခံခဲ့ရပါတယ်။ Geffen နှင့် Interscope Records တို့နှင့် ၂၀၂၀ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီးနောက်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် သူမရဲ့ ပထမဆုံး Single “Drivers License” ကို ထုတ်ဝေခဲ့ပြီး အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နံပါတ်တစ်ရောက်ရှိခဲ့ပါတယ်။ သူမဟာ လက်ရှိအချိန်မှာ အောင်မြင်မှုများစွာကို ရရှိခဲ့ပြီး Grammy ဆု ၃ ခုကိုလည်းပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပရိတ်သတ်များစွာကို ဖမ်းစားထားနိုင်တဲ့ Olivia Rodrigo ရဲ့ သီချင်းကောင်းများ ကိုဖော်ပြပေးလိုက်ပါတယ်။

Olivia Rodrigo သီချင်းကောင်းများ

Photo : Birttany Sims

(၁) Good 4 u

Source : Olivia Rodrigo

ကွီးတို့ကို ဖော်ပြပေးချင်တဲ့ Olivia Rodrigo ရဲ့ သီချင်းကောင်းများ ထဲက ပထမဆုံးတစ်ပုဒ် ကတော့ Sour ဆိုတဲ့ Album ထဲမှာ ပါရှိခဲ့တဲ့ Good 4 u ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ မေ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီသီချင်းလေးက ကို ရော့ခ်၊ ပေါ့ပ်၊ ပန့်ခ်၊ ဂရန်းဂ်၊ အီမိုနှင့် အခြားရွေးချယ်စရာပုံစံများ ရောစပ်ထားတဲ့ အလန်းစားသီချင်း လေးပဲဖြစ်ပါတယ်။

(၂) Traitor

Source : Olivia Rodrigo

နောက်ထပ်ဖော်ပြချင်တဲ့ သီချင်းလေးကတော့ Traitor ဆိုတဲ့သီချင်းလေးပါ။ ဒီသီချင်းလေးကလည်း ရဲ့ ပွဲဦးထွက် အယ်လ်ဘမ် ဖြစ်တဲ့ Sour မှာ ၄ ပုဒ်မြောက် Single အဖြစ်ပါဝင်ခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်၊ ၂၀၂၁ မှာထွက်ရှိခဲ့ပါတယ်။

(၃) Drivers license

Source : Olivia Rodrigo

နောက်ထပ်ဖော်ပြပေးချင်တဲ့ Olivia Rodrigo ရဲ့သီချင်းကောင်းများ ထဲကတစ်ပုဒ်တော့ Drivers license ပဲဖြစ်ပါတယ်။ ဒီသီချင်းက ဇွန်နဝါရီလ ၈ ရက်၊ ၂၀၂၁ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး၊ Olivia Rodrigo နဲ့ ထုတ်လုပ်သူ Dan Nigro တို့ ပူးတွဲရေးသားခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီသီချင်းဟာ၂၀၂၁ ခုနှစ်ရဲ့ အအောင်မြင်ဆုံး သီချင်းများထဲမှာ ပါဝင်ခဲ့ပြီး Rodrigo ရဲ့ ဂီတအသက်မွေးဝမ်းကြောင်းကို စတင်ခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။

(၄) Deja vu

Source : Olivia Rodrigo

Deja vu ကလည်း သူမရဲ့ Sour အယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့တဲ့ ဒုတိယမြောက် Single တစ်ခုဖြစ်ပါတယ်။ ဟာ ဂီတဝေဖန်သူများထံမှာ ချီးကျုးမှုများကို ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီသီချင်းကို ဧပြီ ၁ ရက်၊ ၂၀၂၁ မှာ ထုတ်ဝေခဲ့ပါတယ်။

(၅) Happier

Source : Olivia Rodrigo

နောက်ထပ်ဖော်ပြချင်တဲ့ သီချင်းကတော့ Happier ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို မေလ ၂၁ ရက်၊ ၂ဝ၂၁ မှာထုတ်ဝေခဲ့ပါတယ်။ ဒီသီချင်းလေးဟာလည်း အကောင်းဆုံး သီချင်းထဲမှာ ပါဝင်ပါတယ်။ ဒီသီချင်းလေးရဲ့ သံစဉ်နဲ့ Olivia Rodrigo ရဲ့အသံလေးဟာ တကယ်ကို လိုက်ဖက်ညီပြီး နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

ဒီပိတ်ရက်မှာ ပုရိသတို့ရဲ့ အသည်းကျော်လေး Olivia Rodrigo ရဲ့သီချင်းကောင်းများ တွေကို နားဆင်ခံစားရင်း ကုန်ဆုံးလိုက်ပါ။

Source : discotech

Featured Photo : Newsweek