Omega-3 Fatty Acids ဓာတ်ဟာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။ ကျန်းမာတဲ့ အဆီဓာတ်လို့ လူသိများတဲ့ Omega-3 ဓာတ် က လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာအထောက်အပံ့ ဖြစ်စေသလို ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုလည်း တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ Omega-3 Fatty Acids ဓာတ်ကို ငါးကနေ အဓိကရနိုင်တယ်လို့ တော်တော်များများ သိထားကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ငါးအပြင် Omega-3 ဓာတ် ကြွယ်ဝတဲ့ အခြား အစားအစာ ၅ မျိုးကို ပြောပြပေးချင်ပါတယ်။
(၁) သစ်ကြားသီး
Photo : Medical News Today
သစ်ကြားသီးဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစေ့အဆန်တွေထဲက တစ်ခုဖြစ်ပြီး Omega-3 Fatty Acids ဓာတ် ပမာဏ အများဆုံး ပါဝင်ပါတယ်။ သစ်ကြားသီးကို အဆာပြေသရေစာအနေနဲ့ စားနိုင်သလို အစားအသောက်တွေနဲ့တွဲဖက်ပြီးလည်း စားလို့ရပါတယ်။
(၂) ကြက်ဥအနှစ်
Photo : Fine Dining Lovers
ကြက်ဥအနှစ်ဟာ ကယ်လိုရီပါဝင်မှုများတဲ့အတွက် လူတော်တော်များများက မကြိုက်ကြပါဘူး။ ဒါပေမယ့်လည်း ကြက်ဥအနှစ်တွေမှာ Omega-3 Fatty Acids ဓာတ် အမြောက်အများပါဝင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ အစားအစာ ထဲမှာ ကြက်ဥအနှစ်ကို မျှတအောင်ထည့်စားပေးဖို့ လိုပါတယ်။
(၃) ပင်လယ်ရေညှိ
Photo : Food & Nutrition Magazine
အပင်အခြေခံ အစားအစာ တွေကို နှစ်သက်သူတွေအတွက် ပင်လယ်ရေညှိဟာ အာဟာရဓာတ် ကြွယ်ဝတဲ့ အကောင်းဆုံး အစားအစာတစ်ခု ဖြစ်ပါတယ်။ ၎င်းတို့မှာ ရောင်ရမ်းခြင်း ၊ နှလုံးသွေးကြောနဲ့ အာရုံကြောစနစ် ချို့ယွင်းခြင်းများကို ကာကွယ်ပေးနိုင်တဲ့ Omega-3 Fatty Acids ဓာတ်တွေ ကြွယ်ဝစွာပါရှိပါတယ်။
(၄) ဟင်းနုနွယ်ရွက်
Photo : Medical News Today
ဟင်းနုနွယ်ရွက်ဟာ Omega-3 Fatty Acids ဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်ကို ကြော်စားတာဖြစ်ဖြစ် ၊ သုပ်စားတာဖြစ်ဖြစ် စားသုံးနိုင်ပြီး ကျန်းမာရေးဖျော်ရည်အနေနဲ့လည်း ဖျော်သောက်လို့ရပါတယ်။
(၅) ကမာ
Photo : Thrillist
နာမည်ကြီး ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ကမာမှာ Omega-3 အပါအဝင် အာဟာရဓာတ်များ ပေါပေါများများ ပါဝင်ပါတယ်။ ကမာကောင် ၁၀၀ ဂရမ်မှာ Eicosapentaenoic Acid (EPA) ၁၈၈ မီလီဂရမ်နဲ့ Docosahexaenoic Acid (DHA) ၂၀၃ မီလီဂရမ်တို့ ပါဝင်ပါတယ်။
Featured Photo : Healthline