One-Night Stand အလေ့အထ ခေတ်စားလာတာနဲ့အညီ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေရဲ့ ကူးစက်ပြန့်ပွားမှုနှုန်းတွေဟာလည်း တရိပ်ရိပ်မြင့်တက် လာနေပါတယ်။ လိင်မှုကိစ္စဟာ ရင်ခုန်ပျော်ရွှင်စရာ ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်စေမယ့် အရာတွေကနေတော့ ရှောင်ခွင်းတက်ဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာတော့ တစ်ညတာပျော်ပါးဖို့ အဖော်ရှာတဲ့အခါ သိထားရမယ့် ဆောင်ရန်ရှောင်ရန် အချက်တွေကို ပြောပြပေးပါမယ်။
(၁) ကြိုတင်ပြင်ဆင်မှု ပြုလုပ်ပါ
Photo : Men’s Health
လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ ကြိုတင်ပြင်ဆင်ခြင်းဟာ နံပါတ် ၁ အရေးကြီးဆုံးပါ။ ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲ ဆိုရင်တော့ အဓိက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ ကွန်ဒုံးနဲ့ ပါးစပ်အကာလို အကာအကွယ်တွေကို သေချာလေး ပြင်ဆင်ယူဆောင်သွားဖို့ လိုပါမယ်။ လုပ်ငန်းစခါနီးမှ အကာအကွယ်တွေကို လိုက်ရှာနေလို့တော့ မဟန်ပါဘူး။
(၂) အန္တရာယ်ရှိတဲ့ ဆက်ဆံမှုတွေ ရှောင်ပါ
Photo : xoNecole
One-Night Stand နေရင် အမြဲတမ်း အကာအကွယ် သုံးရပါမယ်။ အကာအကွယ်မပါရင် ထိုးသွင်းဆက်ဆံမှု အခြေအနေဆီကို ဘယ်တော့မှ မသွားလိုက်ပါနဲ့။ အလားတူ ကိုယ့်ပါတနာရဲ့ လိင်အင်္ဂါနဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ အရည်တွေကို တိုက်ရိုက်ထိတွေ့ခြင်း ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရနိုင်တဲ့ ဆက်ဆံမှုပုံစံတွေ လုပ်ဆောင်ခြင်း စတဲ့ အချက်တွေကိုလည်း ရှောင်ကြဉ်ရပါမယ်။
(၃) ပါတနာနဲ့ ပွင့်လင်းစွာ ပြောဆိုပါ
Photo : NY Post
လူတစ်ယောက်မှာ ရောဂါပိုးရှိမရှိ ဆိုတာကို မျက်စိနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အချို့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေဆိုရင် လက္ခဏာမပြပဲ ရှိနေနိုင်တာကြောင့် အကောင်းဆုံးကတော့ ကွီးတို့နဲ့ အတူနေမယ့် ပါတနာအသစ်ရဲ့ လိင်မှုဆိုင်ရာ နောက်ကြောင်းရာဇဝင်တွေ ၊ ကျန်းမာရေး အခြေအနေတွေကို ပွင့်လင်းစွာ ပြောဆိုဖို့ လိုပါမယ်။ ဒါမှသာ ထိရောက်တဲ့ ကာကွယ်မှုတွေကို ကြိုတင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
(၄) အရန်အကာအကွယ် အစီအစဉ်တစ်ခု စဉ်းစားထားပါ
Photo : Norwegian SciTech News
၁၀၀ ရာခိုင်နှုန်းလုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုဆိုတာ မရှိပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းချက် တစ်ခုခု ဖြစ်သွားတယ် ဥပမာ အတူနေစဉ်အတွင်းမှာ ကွန်ဒုံးပေါက်ပြဲသွားတယ်ဆိုရင် ဒီအခြေအနေကို အချိန်မီ ကယ်တင်နိုင်ဖို့ အရန်အစီအစဉ်တစ်ခု စဉ်းစားထားတာ ကောင်းပါတယ်။ ၇၂ နာရီအတွင်းမှာ အရေးပေါ်တားဆေး သောက်တာ ဒါမှမဟုတ် STIs Exposure ထိတယ်လို့ သံသယရှိပါက ကာကွယ်ဆေး အချိန်မှီသောက်သုံးတာ စတာတွေကို လုပ်ဆောင်ဖို့ လိုပါတယ်။
Source : Clue app
Featured Photo : NY Post