ဘယ်သူမဆို လုပ်ငန်းခွင်မှာ စိတ်ပျော်ရွှင်စွာနဲ့ အလုပ်လုပ်ချင်ကြမှာပါပဲ။ ဒါပေမယ့် ကိုယ့်ကြောင့် လက်အောက်ဝန်ထမ်းတွေ ရုံးခန်းထဲမှာမပျော်ပိုက်တော့ဘူးလား။ ဒီအချက်တွေကိုကြည့်ပြီး သင်ဟာလူမုန်းများတဲ့ အထက်လူကြီးတစ်ယောက်ဖြစ်နေပြီလားဆိုတာ သိနိုင်ပါတယ်။

ကိုယ်လာမှပြောလက်စ စကားများရပ်သွားခြင်း

Source: Shutterstock

စည်းကမ်းကြီးတဲ့ အထက်လူကြီးတစ်ယောက်ဖြစ်တာ ကောင်းပါတယ်။ လိုတာထက်ပိုသွားရင်တော့ ကိုယ့်လက်အောက်ဝန်ထမ်းတွေက အနေခက်ပြီး ကြာရင် သင်ဟာသူတို့စိတ်ထဲမှာ ကြောက်စရာလူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

ကျောက်ရုပ်ကြီးတွေလို အလုပ်လုပ်နေခြင်း

Source: Shutterstock

အလုပ်ကြိုးစားတဲ့ ခေါင်းဆောင်နောက်မှာ ကြိုးစားချင်စိတ်ရှိတဲ့ တပည့်တွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်မြင်မှာ အလုပ်လုပ်ချင်ယောင်ဆောင်နေပြီဆိုရင်တော့ သတိထားရမယ့်အချက်ပါပဲ။

ထင်မြင်ယူဆချက်တွေကို ရဲရဲဝံ့ဝံ့မပြောခြင်း

Source: Shutterstock

အစည်းအဝေးတွေမှာ ၀န်ထမ်းတွေရဲ့ အိုင်ဒီယာတွေ၊ အယူအဆတွေကို မေးမြန်းတဲ့အခါ မ၀ံ့မရဲပြောဆိုနေတာတွေ၊ ပွင့်ပွင့်လင်းလင်းမပြောရဲတာတွေ ဖြစ်နေပြီဆိုရင် ဂရုပြုသင့်ပါတယ်။ ဘယ်အချိန်မှာများ လူကြားထဲအပြောခံရမလဲဆိုတဲ့စိတ်နဲ့ ကြောက်နေတာဖြစ်နိုင်ပါတယ်။