ယခုလ အစောပိုင်းတုန်းက OnePlus 10T ဖုန်း ကို အိန္ဒိယနိုင်ငံ မှာ ဇူလိုင် ၂၅ ကနေ ဩဂုတ်လ ၁ ရက်နေ့အတွင်း  မိတ်ဆက်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရတော့ OnePlus 10T ဖုန်းကို အာရှနိုင်ငံတွေအတွက် သြဂုတ်လ ၃ ရက်နေ့မှာ ပွဲဦးထွက်စတင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Photo : Gizmochina

OnePlus 10T ဖုန်းကို အိန္ဒိယနိုင်ငံမှာ 128GB နဲ့ 256GB Storage ၊  RAM 8GB ၊ 12GB နဲ့ 16GB ဆိုပြီး မော်ဒယ် ၃ မျိုး ထွက်လာမယ်လို့ သတင်းအရင်းမြစ်တွေက ဖော်ပြထားပါတယ်။ အရောင်တွေကိုတော့ Jade Green နဲ့ Moonstone Black အရောင် ၂ မျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Moonstone Black ဗားရှင်းကိုတော့ RAM 16GB တစ်မျိုးတည်းနဲ့သာ ထုတ်လုပ်မှာဖြစ်ပြီး Jade Green ဗားရှင်းကိုတော့ RAM 8GB  နဲ့ 12GB ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

16GB RAM မော်ဒယ်ကို အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာသာ ရောင်းချမှာဖြစ်ပြီး ကမ္ဘာတဝှမ်းမှာတော့ ရောင်းချမှာမဟုတ်ဘူးလို့ ထုတ်ပြန် ကြေညာချက်မှာ ဖြည့်စွက်ဖော်ပြထားပါတယ်။ ဒါပေမဲ့ OnePlus 10T ဖုန်းကို အိန္ဒိယနိုင်ငံကလွဲပြီး အခြားဈေးကွက်တွေအတွက်  ဖြန့်ချိမဲ့ရက်ကိုတော့ မဖော်ပြထားပါဘူး။

Photo : GSMArena.com

OnePlus 10T ဖုန်းကို အိန္ဒိယနိုင်ငံ မှာ အနိမ့်ဆုံးစျေးနှုန်း ရူပီး ၄၉,၉၉၉ (ဒေါ်လာ ၆၂၅ ၊ ယူရို ၆၁၇ ၊ မြန်မာငွေ ၁၁ သိန်း ၅ သောင်းခန့်)  ရှိမှာဖြစ်ပြီး Amazon.in ကနေတဆင့် ရောင်းချမှာ ဖြစ်ပါတယ်။  ဩဂုတ်လ ပထမပတ်မှာ စတင်ရောင်းချသွားမှာဖြစ်ပေမဲ့ ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ OnePlus ကုမ္ပဏီအနေနဲ့လည်း OnePlus 10T ဖုန်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

ဒါပေမယ့် ကုမ္ပဏီအနေနဲ့ သြဂုတ်လ ၃ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှာ ဖြန့်ချိဖို့ အမှန်တကယ် စီစဉ်နေတယ်ဆိုရင်တော့ မကြာမီရက်ပိုင်းအတွင်း OnePlus 10T ဖုန်းရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေ စတင်မယ်လို့ မျှော်လင့်ရပါတယ်။

Featured Photo : GSMArena.com