မိမိခေါင်းမှာ ဗောက်ထလို့ စိတ်ညစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေတဲ့ ယောကျာ်းများအတွက် ကြက်သွန်နီဖြင့် ဗောက်ပျောက်အောင် ဘယ်လိုကုသနိုင်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

နည်းလမ်း (၁)

dandruff treatment for men

Photo Source: Bebeautiful.in

ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းကို ကြက်သွန်နီအရည် စားပွဲတင်ဇွန်း ၃ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဦးရေပြားပေါ် သုတ်လိမ်းပြီး ဦးခေါင်းကို အသာအယာနှိပ်နယ်ပေးလိုက်ပါ။ ၁၀ မိနစ်ခန့် နှပ်ထားပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေဆေးချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် ၂ ကြိမ် (သို့) ၃ ကြိမ်ခန့် ပေါင်းတင်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်သည် ဦးရေပြား ယားယံခြင်းကို သက်သာစေပြီး ဦးရေပြားကို အစိုဓာတ်ထိန်းပေးထားနိုင်ပါတယ်။

နည်းလမ်း (၂)

dandruff treatment for men

သကြားမုန်လာ ၂ လုံး၊ ၃ လုံးခန့်၊ ရေအနည်းငယ်နှင့် ကြက်သွန်နီအရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ သကြားမုန်လာကို ရေထဲထည့်ကာ ဆူပွက်လာအောင် တည်ထားပါ။ ထို့နောက် သကြားမုန်လာများကို ရေထဲမှ ဆယ်ယူကာ အအေးခံထားလိုက်ပါ။ ပြီးရင်တော့ အနှစ်များရအောင် ခက်ရင်းဖြင့် ချေမွလိုက်ပါ။

ရရှိလာတဲ့ သကြားမုန်လာအနှစ်များကို ကြက်သွန်နီအရည်ဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ညအိပ်ရာဝင်ခါနီးတွင် ဦးရေပြားပေါ်သို့ လက်ချောင်းထိပ်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။ မနက်နိုးလာမှ ခေါင်းလျှော်လိုက်ပါ။

ဒီနည်းလမ်းကိုတော့ သင် ခေါင်းပေါ်က ဗောက်များ သက်သာသွားသည်အထိ နေ့တိုင်း ပြုလုပ်နိုင်ပါတယ်။

နည်းလမ်း (၃)

dandruff treatment for men

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ကြက်သွန်နီအရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပါဝင်ပစ္စည်းများကို သမအောင် ရောနှောပြီးနောက် ဦးရေပြားပေါ်တွင် သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ခန့် အခြောက်ခံထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ရင်တော့ ရေဆေးချလို့ရပါပြီ။

ဒီနည်းလမ်းကိုတော့ နှစ်ရက်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

သံပုယိုရည်သည် ကြက်သွန်နီရဲ့ပြင်းထန်တဲ့ရနံ့ကို ဖယ်ရှားပေးပြီး နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဗောက်များ သက်သာပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။

Source: Stylecraze.com

Featured Image Source: Healthline.com