Online Dating လုပ်တာဟာ ဒီနေ့ခေတ်မှာ အတော်လေး အသုံးများလာပါတယ်။ Virtual Dating ပလက်ဖောင်းတွေကလည်း ချစ်မှုရေးရာအတွက် အကောင်းဆုံး မြားနတ်မောင်ဖြစ်အောင် ကြိုးစားနေကြပါတယ်။ အွန်လိုင်းပေါ်ကနေ ချစ်သူရှာဖို့အတွက် Dating App တွေပဲ သုံးသုံး လူမှုကွန်ရက်တွေ ဖြစ်တဲ့ Facebook ၊ Instagram ၊ WeChat ကနေပဲ ချိန်းချိန်း အခုပြောမယ့် စည်းမျဉ်းလေးတွေကိုတော့ မဖြစ်မနေ သိထားဖို့ လိုပါတယ်။
(၁) အွန်လိုင်းပေါ်က လူလိမ်တွေ သတိပြုပါ

Photo: Freepik
အရင်ဆုံး သိရမှာက အွန်လိုင်းမှာ ဘာမှ မလုံခြုံဘူးဆိုတာပါပဲ။ ဒါ့ကြောင့် Screen ပေါ်ကနေ ရည်းစားထားမယ်ဆိုရင် ပိုပြီး သတိပြုသင့်ပါတယ်။ ဆိုက်ဘာလုံခြုံရေး နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေးအတွက်လည်း အမြဲသတိရှိထားဖို့ လိုပါတယ်။
ယုံလွယ်သူတွေကို ထောင်ခြောက်ဆင်ဖမ်းနေတတ်တဲ့ အွန်လိုင်းပေါ်က လူလိမ်တွေကို ဘယ်သူမှ မမြင်ရလို့ ဖြစ်ပါတယ်။ အနည်းဆုံး အွန်လိုင်းမှာ နှစ်ပတ်ကျော် စကားမပြောရသေးရင် အပြင်မှာ မတွေ့ဖို့လည်း အကြံပေးချင်ပါတယ်။
(၂) ထောက်လှမ်းမှု လုပ်ပါ

Photo: Freepik
Facebook ပေါ်မှာ တွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ ကြိုက်နေရင် သူ့အကြောင်းကို သိနိုင်သမျှ သိအောင် လုပ်ဖို့ လိုပါတယ်။ နာမည်က အကောင့်နာမည်အတိုင်း အစစ်ဟုတ်ရဲ့လား။ သူမအကြောင်းကို ဘယ်သူ့ဆီကနေ သိအောင် လုပ်လို့ရမလဲ စသည်ဖြင့် စုံစမ်းမှုလေးတွေ လုပ်သင့်သလို စကားပြောရင်းကလည်း သူမရဲ့ နောက်ကြောင်းရာဇဝင်ကို အမှတ်တမဲ့ သိအောင် လုပ်ထားသင့်ပါတယ်။
(၃) ငွေမလွှဲပါနဲ့

Photo: Freepik
ဘယ်တော့မှ အွန်လိုင်းပေါ်က သူစိမ်းတစ်ယောက်ကို ငွေမလွှဲလိုက်ပါနဲ့။ သင့်ရဲ့ Credit Card နံပါတ်တွေ ၊ မှတ်ပုံတင်နံပါတ်တွေလို အရေးကြီးတဲ့ အချက်အလက်တွေလည်း မပေးလိုက်ပါနဲ့။ ဒုက္ခရောက်သွားနိုင်လို့ ဖြစ်ပါတယ်။
(၄) လူချင်းမတွေ့ခင် Video Chat အရင်လုပ်ပါ

Photo: Freepik
လူချင်းတွေ့ဖို့အတွက် အများကြီး စဉ်းစားထားပါ။ ဒီလို In-Person မတွေ့ရခင်မှာ ကိုယ်နဲ့ Date နေတဲ့ ကောင်မလေးနဲ့ Video Chatting တွေ ထိုင်သင့်ပါတယ်။ ဒါကလည်း မျက်မြင်ကိုယ်တွေ့ သက်သေတစ်ခု လို ဖြစ်စေလို့ အနည်းဆုံး သူမအကြောင်းကို ရိပ်ဖမ်းသံဖမ်း အကဲဖြတ်လို့ ရမှာ ဖြစ်ပါတယ်။
