အောင်မြင်နေသူတွေမှာ ရှိနေတဲ့ အလေ့အကျင့်ကောင်း၊ အပြုအမူကောင်းတွေကို ကိုယ်လဲဘဝတစ်လျှောက်လုံး သေသေချာချာထိန်းသိမ်းသွားမယ်ဆိုရင် သူတို့လိုအောင်မြင်လာမှာ မလွဲမသွေပါပဲ။ ထူးချွန်ထက်မြက်တဲ့ လူတော်တွေဟာ သူတို့ရဲ့ ရည်မှန်းချက်ကို အရောက်ပို့ပေးနိုင်မယ့် အကျင့်ကောင်းတွေကို ကောင်းကောင်းသိကြပြီး ဒီအကျင့်တွေကို ပိုတိုးတက်လာအောင် လုပ်နိုင်စွမ်းရှိကြပါတယ်။ ဒါ့အပြင် ဒီလိုအပြုအမူကောင်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေမှလည်း အောင်မြင်မှာပါ။

ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ၉၉ ရာခိုင်နှုန်းသော သူတွေမှာမရှိသေးတဲ့ တစ်နည်းအားဖြင့် အောင်မြင်တဲ့သူတွေမှာသာရှိတတ်တဲ့ အပြုအမူကောင်း (၅) မျိုးကို Kwee ရဲ့ မိတ်ဆွေတွေ အကျိုးရှိစေဖို့အတွက် မျှဝေပေးချင်ပါတယ်။

(၁) အသိအကျွမ်း တိုးလာမှုကို အခွင့်ကောင်းယူတာ။

Source : pixel.com

ဥပမာ သင့်ကို သင့်မိတ်ဆွေက တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်ဆိုပါစို့။ အောင်မြင်သူတွေဟာ ဒီလို မိတ်ဆက်ပေးမှုတွေကို လှိုက်လှိုက်လှဲလှဲ လက်ခံပြီး အခွင့်အလမ်းကောင်းများများရအောင် ကြံစည်တတ်ကြပါတယ်။ ဘာသိဘာသာနေတတ်တာဟာ အရေးပါသူတွေနဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးကို လက်လွှတ်ရနိုင်တယ်ဆိုတာ သူတို့ ကောင်းကောင်းသဘောပေါက်ထားကြလို့ပါ။

(၂) ပေါင်းသင်းဆက်ဆံရေးမှာ အသေးအဖွဲလေးကအစ ဂရုစိုက်တာ။

Source : pixel.com

တကယ့်လူတော်ဆိုတာတွေကို သူတို့အသိုင်းအဝိုင်းကသူတွေက လေးစားချစ်ခင်ကြပါတယ်။ ဒါကတော့ သူတို့ရဲ့ အလုပ်သဘောအရကျွမ်းကျင်မှုအပြင် ကိုယ်ရည်ကိုယ်သွေးလည်း ကောင်းမွန်ကြလို့ပါပဲ။ သူတို့ဟာ ဘေးပတ်ဝန်းကျင်ကသူတွေရဲ့ နာမည်ကို မှတ်မိတာ၊ ပြောထားပြီးတဲ့အရာ ပေးထားတဲ့ကတိကို မမေ့လျော့တာ၊ ချီးကျူဂုဏ်ပြုဖို့ မမေ့လျော့တာ စတဲ့ အပြုအမူတွေအပြင် တစ်ဖက်လူနဲ့ ဆက်ဆံရေးကို တဆင့်ပြီးတဆင့် ခိုင်မာအောင်တည်ဆောက်နိုင်ကြပါတယ်။

(၃) စာပုံမှန်ဖတ်ပါတယ်။

Source : pixel.com

လူတော်တွေဟာ အမြဲတမ်းသင်ယူနေကြတာပါပဲ။ အဆုံးအစမရှိတဲ့ အသိပညာတွေရနေဖို့နဲ့ စဉ်ဆက်မပြတ် တိုးတက်ဖို့အတွက် စာဖတ်တာက မရှိမဖြစ်လိုအပ်ပါတယ်။ လူအများစုက သူတို့ဘာကြောင့် စာများများမဖတ်နိုင်ရတာဆိုတဲ့ ဆင်ခြေတွေပေးတတ်ကြပါတယ်။ အောင်မြင်သူတွေကတော့ ဆင်ခြေပေးမယ့်အစား ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ကိုသာ အထူးအာရုံစိုက်တာပါ။

(၄) ကျန်းကျန်းမာမာနေတယ်။

Source : pixel.com

စိတ်သွားတိုင်းကိုယ်ပါဖို့နဲ့ တက်တက်ကြွကြွလုပ်ဆောင်နိုင်ဖို့အတွက် အရေးအကြီးဆုံးက ကျန်းမာရေးပါပဲ။ အောင်မြင်သူတွေဟာ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါတယ်။ ကောင်းကောင်းစားသောက်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ရင်း ကျန်းမာရေးကိုစောင့်ရှောက်တာဟာ အောင်မြင်ဖို့အတွက် အရေးပါတယ်ဆိုတာ သူတို့ကောင်းကောင်းနားလည်ထားကြလို့ပါ။

(၅) အချိန်နဲ့တပြေးညီ ရင့်ကျက်တိုးတက်လာတာ။

Source : pixel.com

လွန်ခဲ့တဲ့ ၆ လလောက်က သင်နဲ့ အခုလက်ရှိသင်ဟာ ဘာမှထူးထူးခြားခြား ကွဲပြားသွားတာမရှိဘူးဆိုရင် ဒါဟာ သင် ပီပီပြင်ပြင် တိုးတက်မှုမရှိသေးတဲ့ လက္ခဏာပါပဲ။ အအောင်မြင်ဆုံးလူသားတွေဟာ အမြဲ ပုံမှန်လေ့လာသင်ယူနေပြီး တိုးတက်ပြောင်းလဲနေကြတာပါ။ သူတို့အနေနဲ့ ပျော်ရွှင်မှုရဖို့ ၊ လုပ်နိုင်စွမ်းပိုကောင်းလာဖို့အတွက် ရှိသမျှ အဟန့်အတားတွေကို ဖြတ်ပြီး ဘယ်လိုပြောင်းလဲပြင်ဆင်သင့်သလဲဆိုတာကိုသာ တွေးတောနေကြတာပါ။ ပြောင်းလဲတယ်ဆိုတာဟာ အရင်က ကိုယ်လုပ်ခဲ့သမျှ အရာတွေက မမှန်ကန်သေးတာကို လက်သင့်ခံလိုက်တဲ့ သဘောလည်း ဖြစ်တာကြောင့် လူအများစုအတွက် အခက်အခဲတော့ရှိနိုင်တာပါပဲ။ ဒါ့အပြင် အတိတ်က လုပ်ရပ်တွေဟာ ကိုယ့်ရဲ့ အတ္တနဲ့လည်း သက်ဆိုင်နေတာကြောင့် ပြောင်းလဲဖို့ကို အလွယ်တကူ လက်သင့်မခံချင်ကြပါဘူး။ ဒါပေမယ့် အောင်မြင်သူတွေကတော့ မြန်မြန်နဲ့ မှန်မှန် တိုးတက်ပြောင်းလဲဖို့ ဝန်မလေးကြပါဘူး။

အတော်ဆုံးသူတွေဟာ သူတပါးရဲ့ ရည်မှန်းချက်တွေမှာလိုက်မြောမနေဘဲ ကိုယ်ပိုင် စိတ်ပြင်းပြတဲ့အရာကိုသာ ဖြစ်အောင် လုပ်ဆောင်တတ်ကြပါတယ်။ ဒီအချက်ကြောင့် လွတ်လွတ်လပ်လပ် တွေးခေါ်လာနိုင်ကြသလို ဖြစ်သမျှအရာတွေကို ကောင်းကောင်းရင်ဆိုင်နိုင်မယ့် စိတ်ခွန်အားကိုလည်း ရရှိကြပါတယ်။ သူတပါးစိတ်ကျေနပ်အောင်ပဲ လိုက်ဖြည့်ဆည်းမနေဘဲ ကိုယ့်အတွက်ကိုယ်ပါ ဂရုစိုက်တတ်လာရင် ဘဝမှာ ပိုနေပျော်လာပါလိမ့်မယ်။

Source : www.MOE.com