Oppo ကနေ ဈေးနှုန်းသင့်တင့် စွမ်းဆောင်ရည်မြင့်တဲ့ အလယ်အလတ်တန်းစား Midrange ဖုန်း တစ်လုံး မိတ်ဆက်လာပါတယ်။ ဒီဖုန်းကိုတော့ Oppo A1 5G လို့ ခေါ်ပါတယ်။

Oppo A1 5G

Photo : Gizbot

Oppo A1 5G ဖုန်းမှာ ကြီးမားကျယ်ပြန့်တဲ့ ၆.၇၂ လက်မ IPS LCD နဲ့ FHD+ Resolution ပါရှိပြီး အရှေ့ဘက်မျက်နှာပြင်မှာ 8MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားတဲ့ Punch Hole Cutout တစ်ခု ပါရှိပါတယ်။ ကျောဘက်မှာတော့ 50MP Main ကင်မရာနဲ့အတူ 2MP Depth Unit ကင်မရာ ၁ လုံး တွဲဖက်တပ်ဆင်ပေးထားပါတယ်။ ဒီဖုန်းမှာ Snapdragon 695 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 256GB Storage တို့ ပါရှိပါတယ်။

ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ Color OS 13 သုံးထားပြီး ဘက်ထရီအနေနဲ့ကတော့ 5,000 mAh ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့ဘေးဘက်ကိုယ်ထည်မှာ Fingerprint Scanner ထည့်ပေးထားပြီး IR Port နဲ့ နားကြပ်ပေါက်တို့လည်း ပါဝင်ပါတယ်။

Oppo A1 5G

Photo : Expat Guide Turkey

Oppo A1 5G ဖုန်း ကို Cabernet Orange ၊ Ocean Blue နဲ့ Sandstone Black ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်စရာပေးထားပြီး 8/256GB ဗားရှင်းကို ယွမ် ၂,၀၉၉ ( ဒေါ်လာ ၃၀၅ ) နဲ့ 12/256GB ဗားရှင်းကို ယွမ် ၂,၂၉၉ ( ဒေါ်လာ ၃၃၄ )ခန့်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com